Su Mo က ဆေးရုံမှာ ရက်အတော်ကြာလှဲလျောင်းနေခဲ့ရတဲ့အတွက် အဘွားဈာပနတောင် မတက်ရောက်နိုင်ခဲ့ဘူး။ သူ့အမေက ကြားထဲမှာ သူ့ဆီ နှစ်ခါ လာတွေ့တာတာကလွဲရင် သူ့အိမ်က ဘယ်သူကမှ သူ့ကို လာမတွေ့ကြပါဘူး။
နောက်ဆုံးဆေးရုံကဆင်းရမယ့်အချိန်ကျတော့ သူ့အဖေက အိမ်ပြန်လာဖို့ ပြောတယ်။ သူ့အဖေက လွယ်လွယ်နဲ့ခွင့်လွှတ်မှာ မဟုတ်မှန်းသိပေမယ့် သူပြန်မှ ရမယ်။ ပြန်ရင်လည်း ထပ်အရိုက်ခံရဦးမယ်ဆိုတာ သိသော်ငြားလည်းပေါ့။ မပြန်ဘူးဆို သူ့ကို အဖေက သားလို့ မသတ်မှတ်ပဲ နေဖို့က ဖြစ်နိုင်တယ်လေ။
"အဖေ" Su Mo က စာကြည့်ခန်းအပြင်မှာ မတ်တပ်ရပ်နေပြီး အဖေ့မျက်နှာကို ဂရုတစိုက် ကြည့်လိုက်တယ်။
"ဝင်လာခဲ့" ဖေဖေ Su မျက်နှာမှာ ဘာအမူအရာမှ ရှာမတွေ့နိုင်ခဲ့ဘူး။ ဒါပေမယ့် Su Mo ကို ဝင်လာခိုင်းတယ်။
သူ့အဖေက ဒေါသထွက်နေပုံမပေါ်တာကြောင့် သူ့ရင်ဘတ်ကို ကာပြီး အထဲကို ဝင်လိုက်တယ်။ သနားစရာဖြစ်အောင် တမင်ဟန်ဆောင်နေတာမဟုတ်ဘဲ တကယ်ကြီး နာကျင်နေတာကြောင့် ရင်ဘတ်ကို ကာထားရတာပါ။ သူဆေးရုံက ဆင်းလာပြီဆိုပေမယ့် ဒဏ်ရာတွေက အရှင်းပျောက်သေးတာမဟုတ်ဘူး။ သက်သာလာလို့ အိမ်ကို ပြန်ခိုင်းလိုက်တဲ့သဘောမျိုးပါပဲ။ သူ့အဖေသာဒေါသမထွက်တော့ဘူးဆိုရင် သူအိမ်မှာပဲ အေးဆေးနားချင်တယ်။ အားလုံးထက် အခုချိန် အပြင်မှာ လူတွေနဲ့ သူ မတွေ့ချင်သေးဘူး။ အပြင်မှာ ငှားနေရတာထက်စာရင် အိမ်မှာနေရတာက ပိုကောင်းတယ်။
"လက်မှတ်ထိုးလိုက်" Su Fu က Su Mo ရှေ့ စာချုပ်တစ်ခု ပစ်ချလိုက်တယ်။ ဘောပင်တစ်ချောင်းနဲ့အတူ သူ့ကို လက်မှတ်ထိုးခိုင်းတယ်။
သူ့အဖေက ဘာလို့ သူ့ကို လက်မှတ်ထိုးစေချင်နေမှန်း Su Mo မသိဘူး။ ဒါကြောင့် စာရွက်ကို ကောက်ယူပြီး အကြမ်းဖျင်းဖတ်ကြည့်လိုက်တယ်။ သူ ပထမဆုံးစာကြောင်းကို တွေ့တာနဲ့ ကြောင် အ လို့သွားတယ်။ ဒါ သူအမွေဆက်ခံရမယ့် ကုမ္ပဏီရဲ့ အစုရှယ်ယာများကို စွန့်လွှတ်ခိုင်းတဲ့စာချုပ်ပဲ။
"အဖေ" Su Mo သူ့အဖေကို ကြည့်ရင်း ပြောစရာ စကားပျောက်ရှနေတယ် "အဖေ တကယ်ပဲ ကျွန်တော့်ကို ဂရုမစိုက်တော့ဘူးပေါ့?"
أنت تقرأ
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
مغامرةကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...