Arc 10.5

4.3K 611 9
                                    

သဘောတူညီချက်အရ Mu Jin ရဲ့ကျောင်းက မှတ်တမ်းကို Cui Yan ဖျက်ပေးခဲ့တယ်။ ဒါကြောင့် Mu Jin လည်း ကျောင်းကို ပုံမှန်အတိုင်း ပြန်တက်ခဲ့တယ်။ သူက ကျူရှင်ကြေးတွေသွင်းပြီးပြီမို့ Wu Xiuyuan အတန်းဟုတ်သည်ဖြစ်စေ မဟုတ်တာဖြစ်စေ သူကတော့ ဆက်ပြီး တက်ခဲ့တယ်။

ဒါပေမယ့် အတန်းချိန်တိုင်း Wu Xiuyuan ရဲ့ သူ့အပေါ် ကြည့်တဲ့အကြည့်တွေက တားမြစ်ထားတဲ့စည်းကမ်းချက်တွေကြားကနေ မသိမသာ ပိုပိုနီးကပ်လာတာကြောင့် သူအတော်လေးကို မသက်မသာ ခံစားနေရတယ်။ သူ့အတန်းကို မတက်ဘဲ နေရင်တောင် သူသိဖို့လိုတာ မှန်သမျှ အကုန် သိပြီးပြီလို့ တွေးလိုက်တယ်။ သူကျောင်းမှာ မသင်ဘဲနဲ့တောင် သက်ဆိုင်ရာခေါင်းစဉ်အောက်ကနေ မဟာဘွဲ့တောင် ယူလို့ရနေပြီ။ ကျောင်းသွားနေတယ်ဆိုတာက ဘွဲ့ယူတဲ့အခါ လွယ်လွယ်ကူကူဖြစ်အောင်လို့ပဲ။ အဲ့ဒါတွေအားလုံး Mu Jin ဆန္ဒတွေပဲလေ။ Wu Xiuyuan ကြောင့် စက်ဆုပ်စရာတွေမဖြစ်ရအောင်လို့ Jing Yang သူ့အတန်းချိန်တွေဆို သွားမတက်ဖို့ သေချာဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။

Mu Jin ဝင်ခွင့်ရချင်နေတဲ့ အရမ်းအရေးကြီးတဲ့ တခြားပြိုင်ပွဲတစ်ခုအတွက် Jing Yang ပန်းချီဆွဲခဲ့တယ်။ ဒီတစ်ကြိမ်တော့ Wu Xiuyuan ကနေတဆင့် ဝင်မပြိုင်တော့ဘူး။ Cui Yan ကို ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်တဲ့အကြောင်းပြောပြီး ဆရာနဲ့ပတ်သက်တဲ့ဝိရောဓိဖြစ်စရာ ကိစ္စရပ်တွေကိုလည်း သူရှင်းပြလိုက်တယ်။ ဆရာက မသမာမှုတစ်ခုခုလုပ်မှာစိုးရိမ်တဲ့အကြောင်းရောပေါ့။ Cui Yan လည်း သူ့ပန်းချီကားကို အကဲဖြတ်တဲ့ရုံးက တစ်စုံတစ်ယောက်ကနေတဆင့် တိုက်ရိုက်ပို့ခိုင်းလိုက်ပါတယ်။

အတန်းပြီးတော့ Jing Yang ကျောင်းဂိတ်ပေါက်ကို ထွက်လာလိုက်တယ်။ ဒီနေ့ Cui Yan သူ့ကို ဂိတ်ပေါက်မှာ လာကြိုမယ်လို့ ပြောထားတယ်။ အဲ့ဒီကို ရောက်ချင်တောင် ရောက်နေတော့မှာ။

"Mu Jin" Wu Xiuyuan က သူ့နောက်ကနေ သူ့ကိုမှီလာတယ်။

Jing Yang က သူ့ရဲ့ ဖြစ်တည်မှုကို လျစ်လျူရှုထားပေမယ့် သူက ဆက်တိုက်လိုက်လာနေတုန်းပဲ။

"ဒီရက်တွေအတွင်း ငါ့အတန်းချိန်တွေကို ဘာလို့လာမတက်တာလဲ?" Wu Xiuyuan ကမေးပါတယ်။ "မင်း ငါ့ကို ဒေါသထွက်နေသေးတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် အတန်းကိုတော့ တက်သင့်တယ်နော်။ အဲ့လိုမဟုတ်ရင် မင်းကိစ္စပဲနှောင့်နှေးကုန်မှာ။ မင်း ငါ့ကိုဒေါသထွက်တာကြောင့်နဲ့ အတန်းမတက်ဘူးဆိုတာ အရမ်းကလေးဆန်လွန်းမနေဘူးလား?"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Donde viven las historias. Descúbrelo ahora