Arc 9.4

4.3K 688 20
                                    

Reibar တံခါးကို တွန်းဖွင့်ဖွင့်ချင်း Jing Yangရဲ့ ပါးစပ်နဲ့အပြည့် အနီပုပ်ရောင်သွေးတွေ အန်ထုတ်နေတာ တွေ့လိုက်ရတယ်။ သူတံခါးဝကြီးမှာ ခဏလောက် အေးခဲသွားပြီး Jing Yang က ခုတင်ပေါ်မှာ လဲနေရင်း သွေးတွေအဆက်အပြတ် အန်ထုတ်နေပါတယ်။

Reibar အသိပြန်ဝင်လာပြီး ခေါင်းလောင်းကို ချက်ချင်းနှိပ်လိုက်ရင်း နှုတ်ကလည်း အော်လိုက်ပါတယ် "ဒီကို ဆရာဝန်ခေါ်လိုက်စမ်း အခုချက်ချင်း! ချက်ချင်းနော်!"

ခုတင်ဘေးကို Reibar အပြေးလေးသွားပြီး Jing Yang ကို သူ့လက်မောင်းတွေကြားမှာ ပွေ့ထားလိုက်ပါတယ်။ ဖြူဖျော့နေတဲ့ မျက်နှာလေးကို ကြည့်ရင်း "ဘယ်လိုဖြစ်တာလဲ?" မေးလိုက်ပါတယ်။

Jing Yang သူ့ရင်ဘတ်ကို မှီထားရင်း ခေါင်းကို အားနည်းစွာနဲ့ ယမ်းလိုက်ပါတယ်။ သူ့အင်အားကို ကောင်းကောင်းမထိန်းချုပ်နိုင်ဘဲ အလွန်အကြူး သုံးမိသွားတယ်။ သွေးတွေအများကြီး အန်ထုတ်လိုက်တာကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး လစ်ဟာနေပြီး အားနည်းနေပါတယ်။ ဒီသွေးတွေအကုန် ပြန်ပြည့်ဖို့ အချိန်ဘယ်လောက်ယူရဦးမလဲ မသိဘူး?

ဆရာဝန်ရောက်မလာသေးပေမယ့် အစောင့်တွေနဲ့ အိမ်တော်ထိန်းက အလျင်အမြန်ပြေးလာကြပါတယ်။ Reibar ဘယ်လောက်သန်မာတယ်ဆိုတာ မေ့သွားပြီး Reibar ဒဏ်ရာရတယ်ပဲ ထင်သွားကြတာပါ။ သူပိုင်တဲ့ရဲတိုက်ထဲမှာ သူကဒဏ်ရာရတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ?

အိပ်ရာတစ်ခုလုံးက သွေးရေကန်ကြီးလိုဖြစ်နေတဲ့အပေါ်မှာ ဖျော့တော့အားနည်းနေတဲ့ Jing Yang ကို ပွေ့ထားတဲ့ Reibar ကို သူတို့တွေ့လိုက်ရတော့ အားလုံး ထိတ်လန့်အံ့အားသင့်သွားကြပါတယ်။

"အဲ့ဒီမှာ ဘာကြောင်ကြည့်နေကြတာလဲ ဆရာဝန် မြန်မြန်ခေါ်မလာသေးဘူးလား?" Reibar အခန်းပြင်က ယောက်ျားတွေကို အော်ဟစ်ဟိန်းဟောက်လိုက်ပါတယ်။

"ဟုတ်.... ဟုတ်ကဲ့ King ဆရာဝန်က လမ်းကိုရောက်နေပါပြီ" အိမ်တော်ထိန်းက အမြန်တုံ့ပြန်လိုက်ပါတယ်။

ရဲတိုက်ထဲကို ဆရာဝန်က အလျင်အမြန်ရောက်လာပါတယ်။ သွေးတွေအများကြီး အန်ထားတဲ့ Jing Yang က မေ့မျောသတိလစ်လုနီးနီးဖြစ်နေပါပြီ။ အိပ်ရာပေါ်မှာ သူ့ကို လဲလျောင်းစေလိုက်ပြီး သူ့အခြေအနေကို ဆရာဝန်ကို စစ်ဆေးစေလိုက်ပါတယ်။ သူက အိပ်ရာဘေးမှာ ရပ်နေပြီး လဲလျောင်းနေတဲ့ အမျိုးသားကို မျက်မှောင်ကြီး ကြုတ်လို့ ကြည့်နေပါတယ်။

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ