Arc 9.13

4.7K 692 14
                                        

"ခန့်မှန်းကြည့် ဒီတစ်ကြိမ် ဘုရင်က ကျွန်တော်တို့နှစ်ယောက်ကို တွေ့တဲ့အခါ Cory နဲ့ကျွန်တော်နဲ့ လက်ထပ်ရမယ့်အကြောင်း ပြောလာလိမ့်မယ်" Jing Yang က သူ့ဘေးမှာရှိနေတဲ့ Reibar ကို ကြည့်ရင်း ပြောလိုက်တယ်။

"ခုတင်ပေါ်ကနေတောင် မထနိုင်တော့တဲ့ သူလိုလူက ဘာကိစ္စပဲရှိရှိ ကိုယ်တို့ကို အဲ့လိုတိုက်တွန်းရုံကလွဲပြီး ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး" Reibar က သူ့လက်လေးကို ကိုင်ပြီး သူ့ကိုနမ်းလိုက်ပါတယ်။

"Abby ကရော?" Jing Yang မေးလိုက်တယ် "အရင်က Cory ကြည့်ရတာ သူ့ကို နည်းနည်းသဘောကျတဲ့ပုံပါ၊ သူ့ကို လုံးဝဂရုမစိုက်တော့ဘူးလား"

"Cory လိုလူမျိုးက ဘယ်တော့မှ တာဝန်ယူလိုစိတ်ရှိလာမှာ မဟုတ်ဘူး။ Abby ကို ဂရုမစိုက်တာမျိုးက ဘာမှ ထူးဆန်းတာမဟုတ်ဘူး" Reibar လှောင်ရယ် ရယ်လိုက်ပါတယ်။ "အစ်ကိုတော်က သူ Cory ကို ကောင်းကောင်းလေ့ကျင့်ပေးနိုင်ခဲ့တယ်လို့ ထင်နေတာ။ ဒါပေမယ့် သူကိုယ်တိုင်တောင် ဘုရင်ဖြစ်ဖို့ အရည်အချင်းမရှိတာများ။ သူပုလ္လင်ပေါ်မှာ ထိုင်တာကြာလှပြီ အခုထိ ဘာကုသိုလ်ကောင်းမှုမှ မလုပ်ဘူး။ နေ့တိုင်း သူ့ခေါင်းထဲမှာ ကိုယ့်ကို ဘယ်လိုသတ်ရမလဲ သူ့သားကို ထီးနန်းချောချောမွေ့မွေ့ရအောင် ဘယ်လိုလုပ်ပေးရမလဲပဲ တွေးနေတာ။ ဒီလိုလူမျိုးက သင်ပေးတာ ဘယ်လိုလုပ်ပြီး သားကောင်းဖြစ်လာမှာလဲ?"

"ဒီလိုမျိုး ကြီးပြင်းလာရတာ ခင်ဗျားအတွက် အတော်လေးခက်ခဲခဲ့မှာပဲနော်" Jing Yang က Reibar မျက်နှာကို ထိလိုက်ရင်း စတာတစ်ဝက် အတည်တစ်ဝက်ပြောလိုက်ပါတယ်။

"မလွယ်ကူခဲ့ဘူးရယ်။ ကိုယ်နယ်စပ်မှာရှိနေတုန်းက ရန်သူတွေကို မရှုံးခဲ့ဖူးဘူး။ ဒါပေမယ့် သူလွှတ်ပြီး လုပ်ကြံခိုင်းတဲ့လူတွေကြောင့် အတော်လေးတော့ ခံစားခဲ့ရတယ်။ သေဘေးကနေ လွတ်မြောက်ပြီး ခံတပ်ကို ပြန်လာနိုင်တဲ့အကြိမ်တိုင်း အကြိမ်တိုင်း ကိုယ့်ကိုကိုယ် ကျိန်ဆိုခဲ့တယ်။ သူက သေစေချင်မှတော့ ကိုယ်မသေစေရဘူး။ ကောင်းကောင်းအသက်ရှင်နိုင်ရုံတင်မကဘူး သူ့လက်ထဲက ထီးနန်းကို ပြန်လုယူပြီး ဒေါသတွေထွက်ပြီး သူ့ကို သေစေရမယ်"

အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]Where stories live. Discover now