သင်္ဘောဟာ မြို့တော်ဂြိုလ်အခြေစိုက်စခန်းမှာ ဆင်းသက်လိုက်ပါတယ်။ Tony သူ့အခန်းထဲမှာ မတ်တပ်ရပ်ရင်း အလိုအလျောက်ပိတ်ထားတဲ့ တံခါးကို ကြည့်နေပါတယ်။ သူ ချက်ချင်းထွက်ခွာဖို့ ပြင်ဆင်တာပြီးနေပါပြီ။ အကျဉ်းသားလိုမျိုး အတော်ကြာ ချုပ်နှောင်ထားပြီးတဲ့နောက် သူ့မိသားစုဝင်တွေအကြောင်း မတွေးရင် သူ ရူးသွားတော့မှာပါ။ ညီအစ်ကိုနှစ်ယောက်နဲ့အတူ ပျက်သုဉ်းသွားရမယ်ဆိုရင်တောင် သူ ဒီအတိုင်းတော့ ဆက်မနေချင်တော့ဘူး။
နောက်ဆုံးမှာတော့ အခွင့်အလမ်းက ရောက်လာခဲ့ပြီ။ John နဲ့ Poison Wolves တို့ ပူးပေါင်းတဲ့ကိစ္စကလည်း ပေါ်သွားပြီ။ ဒီအခွင့်အလမ်းကိုအရယူပြီး သူ့မိသားစုက ဒီညီကိုနှစ်ယောက်ကို ဖယ်ရှားနိုင်ရုံတင်မက Skien မိသားစုအတွက်ပါ လက်စားချေနိုင်ဖို့ အဲ့နှစ်ယောက်ကို လုံးဝကို ဖျက်ဆီးပစ်ဖို့ မျှော်လင့်ချက်ကြီးကြီးမားမားရှိနေပါတယ်။
အလိုအလျောက်တံခါးပွင့်လာတာကို ကြည့်နေရင်း အပြင်မှာ ဘယ်သူရပ်နေလဲဆိုတာ ရှင်းရှင်းလင်းလင်းမမြင်ရဘဲ Tony သူ့ခြေထောက်ကို မလို့ ထွက်လိုက်ပါတယ်။
"Tony!" Avery က သူ့လက်ကို ရုတ်တရက် ဆွဲလိုက်ပြီး သူ့ကို အခန်းထဲ ပြန်တွန်းလိုက်ပါတယ်။
"မင်း ဘာလိုချင်သေးလို့လဲ? ငါတို့ မြို့တော်ဂြိုလ်ကို ရောက်နေပြီမဟုတ်လား?"Tony သူ့ကို စိတ်မရှည်တဲ့ပုံနဲ့ ကြည့်လိုက်ပြီး "ငါ့တစ်ဘဝလုံးကို ဒီမှာပဲ ချုပ်ထားချင်တာလား?"
"မဟုတ်ပါဘူး။ ငါပြောတာ နားထောင်ပါဦး" Avery ခပ်မြန်မြန်ရှင်းပြလိုက်ပါတယ် "ငါ မင်းကို စကားနည်းနည်းပဲပြောချင်တာပါ။ ပြီးတော့ မင်းကို အိမ် ချက်ချင်းသွားခွင့်ပြုမှာပါ"
Tony သူ့ကို တစ်ချက်လောက်ကြည့်လိုက်တော့ Avery က အရင်ကလို ကြီးစိုးခြယ်လှယ်တတ်တဲ့ Avery နဲ့ လားလားမှမဆိုင်တဲ့ပုံစံဖြစ်နေတာကိုတွေ့လိုက်ရတယ်။ သူတို့ ပထမဆုံး တွေ့တုံးက ပုံစံလိုမျိုး ဖြစ်နေတယ် "မင်း ဘာပြောချင်တာလဲ?"
"Tony မင်းကို ငါတကယ်ချစ်တယ်ဆိုတာကိုတော့ မင်းကို သိစေချင်တယ်" Avery မျက်လုံးထဲမှာ မျက်ရည်အပြည့်နဲ့ Tony ကိုကြည့်လိုက်ရင်း "အရင် ငါလုပ်ခဲ့သမျှတိုင်းက မင်းကို စိတ်အနှာင့်အယှက်ဖြစ်စေတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် မင်းကို အရမ်းချစ်လို့တွေချည်းပါပဲ"
![](https://img.wattpad.com/cover/293131710-288-k152408.jpg)
أنت تقرأ
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
مغامرةကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...