Jing Yang အတော်လေး ဆာလောင်နေတယ်လို့ ခံစားနေရပါတယ်။ ပထမဆုံးအကြိမ် ဆာလောင်မှုနဲ့အတူ နိုးလာတဲ့ အခေါက်ပါပဲ။ သူ့မျက်လုံးတွေ ဖွင့်လိုက်တော့ ဝေဝေဝါးဝါးအမြင်အာရုံထဲ ဝင်ရောက်လာတာက အိပ်ရာတွေနဲ့ လူတွေ အများကြီးကိုပါ။
အနည်းငယ်မို့ဖောင်းနေတဲ့ မျက်လုံးကို Jing Yang ပွတ်လိုက်မိရင်း သိလိုက်တာက သူ့မျက်လုံးတွေက ငိုထားလို့ ဖူးယောင်နေတယ် ဆိုတာကိုပါပဲ။ သူ့အမြင်တွေ ကြည်လင်လာတဲ့ခါ ဘေးပတ်လည်ကို ကြည့်လိုက်ပါတယ်။
ဒီအဆောက်အဦက ဂိုဒေါင်တစ်ခုနဲ့တောင် တူသေး။ အရမ်းမကြီးဘဲ တစ်ယောက်အိပ်ခုတင် အခု နှစ်ဆယ်ကျော်ကို တန်းစီချထားပါတယ်။ ခုတင်လေးတွေက ကျဉ်းလွန်းလို့ လူးလိမ့်လိုက်တာနဲ့ ပြုတ်ကျမှာအသေအချာပါပဲ။ ဒါပေမဲ့ အတော်လေးတော့ သန့်ရှင်းလို့နေပါတယ်။ အခန်းရော ခုတင်တွေအပါအဝင် ခုတင်ပေါ်မှာထိုင်နေကြတဲ့လူတွေအထိ အားလုံးဟာ သန့်ရှင်းသပ်ရပ်လို့နေပါတယ်။
ဒီအခြေအနေကြီးက ဘာပါလိမ့်? သူအစေခံအဖြစ် ပြန်မွေးဖွားလာပြီး အစေခံတွေကြားမှာ ခက်ခက်ခဲခဲရုန်းကန်ရဦးမှာလား? ဒီကမ္ဘာကအဲ့လောက်ကြီး ရိုးရှင်းပါ့မလား? ဒီဟာကြီးက မဟုတ်သေးဘူးလို့ သူခံစားလိုက်မိပါတယ်။
Jing Yang System ကို ဖွင့်လိုက်ပြီး ဘာမှမရွေးသေးဘဲနဲ့တောင် System က အလိုအလျောက် သူ့ခန္ဓာကိုယ်ကို Scan ဖတ်ပေးပါတယ်။ သူ့ခန္ဓာကိုယ်က အဆိပ်မိနေတယ်လို့ ပြနေပါတယ်။
စိတ်ထဲကနေ Jing Yang သက်ပြင်းချလိုက်ပါတယ်။ သေချာပေါက် ဘဝတိုင်းက ဘယ်ရိုးရှင်းနေပါ့မလဲ။ အစေခံတွေကြားထဲ ရုန်းကန်ရမှာသာ တကယ်ဆိုရင် အတော်လေး ပြင်းထန်မှာအသေအချာပဲ။ သူ System ကို သုံးပြီး အဆိပ်ဖယ်ထုတ်လို့ရမယ့်နည်းလမ်းကို ရှာလိုက်ပါတယ်။ သူက အတော်လေးပြင်းထန်တဲ့အဆိပ်မိနေပေမဲ့ အဆိပ်ဖြေရမယ့်နည်းကတော့ သိပ်မခက်ခဲပါဘူး။ System အကူအညီနဲ့ဆို အချိန်တိုအတွင်း အဆိပ်ဖယ်ထုတ်နိုင်မှာပါ။
သူအဆိပ်မိနေတာတောင် ဗိုက်ဆာတာကလွဲရင် တခြားမသက်မသာ မခံစားရတာမို့ နည်းနည်းတော့ ထူးဆန်းနေပါတယ်။ သူမှတ်ဉာဏ်တွေပြန်ကြည့်ဖို့ ရွေးမယ့်အချိန်မှာ ရုတ်တရက်ကြီး တံခါးက ပွင့်လာပါတယ်။
أنت تقرأ
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
مغامرةကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...