Jing Yang က စိတ်ခံစားမှုပြည့်နှက်နေတဲ့ ဂန္တဝင်သီချင်းတစ်ပုဒ် ရွေးမိခဲ့သည်။ ဒီသီချင်းဆိုဖို့ အမြင့်သံနဲ့ နည်းစနစ်တချို့ လိုအပ်လေသည်။ အရေးကြီးဆုံးမေးခွန်းက အကြိမ်တစ်သန်းလောက်ကြားဖူးနေတဲ့ သီချင်းဟောင်းတစ်ပုဒ်ကို သူ သီဆိုနိုင်မလားဆိုတာရယ် သီချင်းသံကြားတဲ့အခါ ပရိတ်သတ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အမှတ်တရတွေကို တုံ့ပြန်လာတဲ့အထိ ဆွဲဆောင်နိုင်မလားဆိုတာပါပဲ။
စင်ပေါ်မှာ နောက်ဆုံးရဲ့ရှေ့ ဖျော်ဖြေရမယ့်သူက Jing Yang ပါပဲ။ နောက်ခံဖန်သားပြင် မီးတွေက ခေတ်ဟောင်းပုံစံပြောင်းသွားပြီး သူ့ကို စတိတ်စင် အလယ်ဆီ စက်လှေခါးနဲ့ ပို့ဆောင်ခြင်းခံလိုက်ရသည်။ Jing Yang ချက်ချင်း သီချင်းရဲ့ ခံစားချက်အတိုင်း စီးမျောဝင်ရောက်သွားပါတော့သည်။
စတိတ်စင်ထက်က Jing Yang ကို ကြည့်နေတဲ့ ပရိတ်သတ်တွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့သူတွေရဲ့ ပထမဆုံးအတွေးက 'နူးညံ့ပြီး ကျက်သရေရှိတဲ့ အမျိုးသားပဲ' ဆိုတာကိုပါ။ စူးရှကြည်လင်တဲ့ကျောက်စိမ်းလိုအသားအရည်ရှိတဲ့ အမျိုးသားတစ်ယောက်ကို တွေ့ရတာ မြင်နေကျပုံစံမျိုးတော့ မဟုတ်ခဲ့ဘူးလေ။ သူ့မျက်နှာသွင်ပြင်က အရမ်းလှပလွန်းလို့ ပရိတ်သတ်တွေက ဆက်တိုက်ငေးကြည့်နေရင်း သီချင်းကို အာရုံစိုက်ဖို့တောင် မေ့လျော့လုနီးပါဖြစ်နေခဲ့သည်။
သီချင်းမစခင်လေးမှာ Jing Yang က ရှေ့ကို ခြေနှစ်လှမ်းလောက် လှမ်းလိုက်သည်။ သူ့အပြုအမူနဲ့ ကိုယ်ဟန်အနေအထား ကျက်သရေရှိမှုတွေကြောင့် မိန်းကလေးပရိတ်သတ်အများစုက လှိုက်လှိုက်လှဲလှဲ တခဲနက် လက်ခုပ်တီးအားပေးကြသည်။ သူ့ရဲ့အောက်မှာ ကျရှုံးပြီး ဆွဲဆောင်ခြင်းခံရတဲ့အမျိုးသားများလည်း ရှိခဲ့တာပေါ့။
စင်ပေါ်ကို ခြေလှမ်းလိုက်တဲ့အချိန်ကတည်းက ကြောက်ရွံ့ဟန်ကင်းပြီး အရှိန်အဝါအပြည့် နှစ်လိုဖွယ်အထင်းသားနဲ့ ရပ်နေတဲ့ Jing Yang ကို Gu Mang တစ်ချက်ကြည့်လိုက်သည်။ စင်ပေါ်ကလူဟာ သူ့အပိုင်ဆိုတာတွေးရင်း ကျေနပ်သွားသလို လူအများကြီးက ထိုလူသားကို ကြည့်နေတာမြင်ပြန်တော့ စိတ်အလိုမကျဖြစ်မိပြန်သည်။
![](https://img.wattpad.com/cover/293131710-288-k152408.jpg)
أنت تقرأ
အရံဇာတ်ကောင်၏ လှည့်ဖြားခြင်း System [ဘာသာပြန်]
مغامرةကမ္ဘာပေါင်းများစွာရဲ့ အရံဇာတ်ကောင် Arc 1-7 link https://www.wattpad.com/story/187067914?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=Ellis_Hsu&wp_originator=G1qI1N5r%2B6QAxdydc3AHHoItnfqZZMLgEFx3k4U...