13

162 16 0
                                    

"မမကြီး တကယ်ဘဲ စွဲမြဲကို မရှာဘူးလား။အဆက်အသွယ်မရတာ နှစ်ရက်တောင်ရှိပြီနော်"

"ထူးထက်ဆီက ဘာသတင်းရသေးလဲ။တကယ်ဘဲ ဟိုမှာ စွဲမြဲမရှိဘူးတဲ့လား"

"မရှိဘူး။မနေ့က နာနာ့ကို video callခေါ်ခိုင်းပြီး သေချာစစ်မေးပြီးပြီ"

ခတ်ဒါလီ ကိုယ်မွေးထားတဲ့သားကို ကိုယ့်ဘာသာ လျှော့တွက်လိုက်မိ၍ ခေါင်းကိုက်နေရပြီဖြစ်သည်။အရင်ကလို တိုက်ခန်းမှာဘဲ သွားနေတာလို့ ထင်ထားပေမဲ့ တိုက်ခန်းမှာရှိမနေဘူးဆိုကတည်းက နည်းနည်းတုန်လှုပ်သွားမိသည်မှာ အမှန်။အခုတစ်ခါ ထူးထက်နဲ့အတူရှိနေလောက်မှာလို့ တွေးထားသော်ငြား ‌ထူးထက်နဲ့‌ တောင်ကြီးလိုက်သွားခြင်းလည်း မဟုတ်ပြန်ဘူးဆိုတော့ ခတ်ဒါလီတို့ ညီအစ်မနှစ်ယောက်လုံး ခေါင်းခဲရပြီ။

အိမ်နဲ့ တိုက်ခန်း၊တိုက်ခန်းနဲ့ အိမ်ကလွဲရင် သူ့သူငယ်ချင်းနှစ်ယောက်သာ တရင်းတနှီးရှိတဲ့ စွဲမြဲဟာ အခုတော့ ရင်းနှီးသည့် ပတ်ဝန်းကျင်တွင် ရှိမနေ။နှစ်ရက်ခန့်ပင် ရှိပြီဖြစ်သော်ငြား ဖုန်းလည်းဆက်မရ၊အရိပ်အယောင်ပင် ရှာမရအောင် ပျောက်နေသည်။

"တီတီ ဪ အန်တီပါရှိတာဘဲ"

"လာ သမီးလာ ထိုင်ဦး"
ဧည့်ခန်းတွင် စွဲမြဲ၏အမေ၊အဒေါ်တို့နှင့်အတူ နာနာ ဝင်ထိုင်လိုက်သည်။

"စွဲမြဲကို ဖုန်းဆက်လို့မရသေးဘူးလား"

"သမီး တစ်နာရီခြားတစ်ခါ ဆက်နေပေမဲ့ စက်ပိတ်ထားတယ် ဆိုတာချည်းဘဲ"

"တကယ်ပါဘဲ..."

"တီလေး စွဲမြဲအခန်းထဲက laptopတွေ ဘာတွေရော ကြည့်ပြီးပြီလား။မှတ်စုစာအုပ်တွေဘာတွေ...သူ ဒိုင်ယာရီရေးတဲ့အကျင့်ရှိတာဘဲ။အဲ့တာတွေ စစ်ကြည့်ရင်ရော"

နာနာပြောမှ ညီအစ်မနှစ်ယောက်သား မေ့နေမိသည့် အရာကို စဉ်းစားမိသွားသည်။အိမ်အပြင်ဘက်ကိုဘဲ ရှာဖို့ ‌အာရုံရောက်နေပြီး စွဲမြဲအခန်းကို သေချာပင် မကြည့်ရသေး။ချက်ချင်းပင် အိမ်အပေါ်ထပ်ရှိ စွဲမြဲအိပ်ခန်းသို့ သုံးယောက်လုံး အတူ တက်သွားလိုက်သည်။တံခါးဖွင့်လိုက်သည်နှင့် စောင့်ကြိုနေသည်က သေသပ်သန့်ရှင်းနေသည့် အခန်းအနေအထားပင် ဖြစ်သည်။

-Stranger-Where stories live. Discover now