အာလူး လေနည်းနည်းဖုတ်မယ်နော်။
၂၀၂၂ကို မကူးခင်မှာ အပြီးသတ်နိုင်ခဲ့လို့ ကိုယ့်ကိုယ် အရင်ချီးကျူးပါတယ်။ဒီficက ရှေ့က ရေးခဲ့တဲ့ဟာတွေနဲ့ လုံးဝမတူအောင် characterလွှမ်းမိုးမှု အခံရဆုံး ficပါ။စိတ်ဓာတ်တွေ ခဏခဏကျရပြီး ငါဆက်ကော ရေးနိုင်ပါ့မလားလို့ ပူပန်ခဲ့ရတာလည်း မနည်းပါဘူး။အခုတော့ ဇာတ်သိမ်းနိုင်ခဲ့ပါပြီ။
ဒီficက အစကတည်းက အပိုင်း ၂၀မကျော်ဘဲ အပြီးသတ်ဖို့ စီစဉ်ထားတာမို့ ဇာတ်ကို တော်တော်လေး ချုံ့ထားတဲ့ficပါ။အဲ့အတွက် စာဖတ်သူ ဖတ်ရတာ အဆင်မပြေမှာလည်း စိုးရိမ်ခဲ့ပါတယ်။fic coverကိုလည်း မှောင်နေတဲ့လမ်းတစ်ခုပုံပြောင်း ထားပါတယ်။စွဲမြဲရဲ့ကာရိုက်တာကို ဝင်ခံစားတိုင်း အမှောင်ထဲ စမ်းတဝါးဝါးဖြစ်ရတာကြောင့်ပါ။ ဒီficက extra partမရှိပါဘူး။
ဖတ်ပေး၊တူတူလိုက်ခံစားပေးတဲ့သူ တစ်ယောက်ချင်းစီကို တကယ်ကျေးဇူးတင်ပါတယ်။နှစ်သစ်မှာ အားလုံးအဆင်ပြေချောမွေ့ပြီး ကံကောင်းမှုတွေ ရောက်လာပါစေလို့ ကြိုတင်ဆုတောင်းပေရင်း ဘိုင့်ဘိုင်ပါ။
-HsuHsu614
Love you all 😘😘