8

148 19 2
                                    

စောကာရုံးဆင်းလာခြင်း ဖြစ်သောကြောင့် အလုပ်ကိစ္စ ဆွေးနွေးစရာရှိသည်အချို့ကို ခေတ်က စာရွက်စာတမ်းတွေကိုင်ကာ ဟိုလှန်သည်လှောနှင့် နှစ်ယောက်သား ဆွေးနွေးဖြစ်သည်။မတိုင်ခင်ကတော့ ဈေးကူဝယ်ပေးခဲ့ပြီး ပြုံးပြုံးရယ်ရယ်ရှိပါသော ခေတ်သည် အခုတော့ စာကြည့်မျက်မှန်တပ်ကာ တကုတ်ကုတ်နှင့် ဘေးတွင် အလုပ်ရှုပ်နေသည်။မလိုအပ်လျှင် ဇာမဏီမာန်ကို လှည့်ပင်မကြည့်။

"ညနေစာစားပြီးမှ ပြန်ပါလား"

"စွဲမြဲ လာကြိုတဲ့အချိန်ပြန်ရမှာ"

"စွဲမြဲကိုပါ စားခိုင်းလိုက် ပြီးရောကို"

"နင် အဆင်ပြေလို့လား"

"ပြေပါတယ်။နှစ်ယောက်စာ ပိုပြင်ရုံဘဲလေ။ငါ ဝယ်လာတာ များပါတယ်"

"ဂျူလီက အခု တစ်ယောက်ထဲကျန်ခဲ့တာပေါ့။အဆင်ပြေရဲ့လား"

"နေ့လည်က‌ နေ့လည်စားနေပြီဆိုတာလည်း စာပို့တယ်။သူအဆင်ပြေတယ် မပူနဲ့။အလုပ်သာ ဖြောင့်အောင်လုပ်ပါ တဲ့"

"ဟိုမှာလည်း အဲ့လိုဘဲလား"

"အေးပေါ့။မနက်ဆို သူက ကျောင်းအရင်သွားတယ်။ငါနဲ့သက်လျာက သူသွားပြီးမှ အလုပ်ကိုသွားတယ်။ပြီးရင် သူက အစောဆုံးအိမ်ပြန်ရောက်တယ်။ဗိုက်ဆာတယ်ဆို မုန့် အဆာပြေစားထားနှင့်တာပေါ့။ငါနဲ့သက်လျာ နှစ်ယောက်ထဲက စောပြီးပြန်ရောက်တဲ့လူက ညစာပြင်ပေးရတာပေါ့"

"အင်း...ငြိမ်းငြိမ်းချမ်းချမ်းဘဲ ကောင်းတာပေါ့။အိမ်မှာတော့ စွဲမြဲတစ်ယောက်ကို ငါကဘဲ ချက်ပေးရတယ်။အိမ်ကကောင်မလေးတွေချက်ရင် သူက တစ်လုပ်နှစ်လုပ်ထက် ပိုမစားဘူးလေ။သူ့အမေကလည်း အလုပ် အလုပ် အလုပ်နဲ့ မီးဖိုချောင်ဆို ရန်သူဘဲဆိုတော့..."

"ငါဘဲပေါ့"
"ငါဘဲပေါ့"
နှစ်ယောက်သား ပြိုင်တူဖြစ်သွားသဖြင့် ရယ်လိုက်မိသည်။

"အင်း အဲ့လို...ကဲ ပြီးပါပြီ။ကျန်တာ အိမ်ရောက်မှ ကိုယ့်ဘာသာလုပ်လိုက်ရပြီထင်တယ်"
ပေါင်ပေါ်တင်ထားသည့် ဖိုင်ကို ပိတ်လိုက်ပြီး စာကြည့်မျက်မှန်ကိုပါ ချွတ်လိုက်သည်။

-Stranger-Where stories live. Discover now