<ဟိုနေ့ကအတွက် တောင်းပန်ပါတယ်>
ဖုန်းscreenထက်တွင် ပေါ်နေသည့် စာကို တစ်ချက်ကြည့်ပြီးနောက် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် နာနာ့ထံ အာရုံပြန်စိုက်လိုက်သည်။"စာပြန်ချင် ပြန်လေ"
"ရတယ်။နင်ပြောမဲ့ဟာကိုသာ ပြောပါ"
"ငါ့အကို မင်္ဂလာဆောင်မှာ သတို့သားအရံလာလုပ်ပေးပါတဲ့...သက်သက် အလုပ်ရှုပ်။ သူ့မှာသူငယ်ချင်းတွေ ရှိသားနဲ့"
"နင်ရောလား"
"အေးပေါ့ဟယ်။စိတ်ရှုပ်ကရှုပ်နဲ့ တကယ်"
"မြန်လိုက်တာ ဟိုတလောကမှ လက်ထပ်ဖို့ပြောကြတာမဟုတ်ဘူးလား"
"လုပ်တာကတော့ နောက်လမှပါ။မြန်တာတော့ မြန်တယ်...အသက်ကြီးနေပြီမို့လို့တဲ့။တီလေးတောင် ၄၀ကျော်ကို အေးဆေးဘဲဟာကို"
စွဲမြဲ နာနာ့နဖူးကို ခပ်သာသာတောက်လိုက်ပြီး
"အိမ်မှာလည်း မာမားက တီလေးကို လက်မထပ်လို့ဆိုပြီး ပူညံပူညံလုပ်နေတာ ကလေးမရဲ့""ဪ အဲ့လိုရှိတာလား"
"အင်း..."
"စွဲမြဲ နင့်ရဲ့ sexualityကို ပါပါးရော၊မာမားရော၊တီလေးရော သိသွားရင် ဘယ်လိုဖြစ်မယ်ထင်လဲ"
"ပါပါးနဲ့မာမားကတော့ မသိဘူး။တီလေးကတော့...အံ့ဩရင် အံ့ဩလောက်တယ် ပြီးတော့ ငါ့ကို နားလည်ပေးနိုင်မယ်ထင်တာဘဲ"
"အင်းနော်"
"Sorry နည်းနည်းနောက်ကျတယ်"
ထူးထက်က ပြောပြီးသည်နှင့် စွဲမြဲဘေးတွင် ဝင်ထိုင်သည်။"ငါ့အကို မင်္ဂလာဆောင်မှာ စွဲမြဲကို သတို့သားအရံလုပ်ခိုင်းတယ် အိမ်က။အဲ့တာ နင့်ကို တစ်မျိုးမထင်စေချင်ဘူး"
"အိုးဟိုး ထင်စရာလား မိနာနာရယ်။မင်္ဂလာဆောင်က ဘယ်တော့လဲ"
"နောက်လ"
"မအားဘူး တော်သေးတယ်"
"ဘာလို့မအားတာလဲ"
"တောင်ကြီးမှာ မောင်ကြီး ခဏသွားနေမလို့"
"တစ်လလုံးလား။နင်က ငါ့ကို တစ်ယောက်ထဲ အလုပ်တောထဲ နှစ်ခဲ့ပြီးတော့ သွားမှာလား"
![](https://img.wattpad.com/cover/239073093-288-k389538.jpg)