2

354 33 18
                                    

Unicode

"မား!!"
အပြင်ကပြန်လာတဲ့ အမေဖြစ်သူဆီသို့ ​လှုပ်တုပ်လှုပ်တုပ်နှင့် အပြေးသွားပါသော ကလေးငယ်။

"သဇင်...သြော် မာန်ရောက်နေတာဘဲ"

"ဟုတ်တယ် မမကြီး။စွဲမြဲလေးကို သတိရလို့ လာကစားပေးတာ"

"ကျေးဇူးပါကွယ်။သဇင်နဲ့တော့ တူ၀ရီး၂ယောက်က စိတ်ကောက်လိုက်ရန်ဖြစ်လိုက်နဲ့....ဦးဦးမာန်နဲ့ကျ မားသားလေးက  ပြုံးလို့ပျော်လို့ပါလား"
သွားလေးဖြီးကာ ပြုံးပြသော်ငြား ရှေ့သွားတစ်ချောင်းက မနေ့တစ်နေ့က ကျိုးသွားတာကြောင့် အားလုံးက သဘောတကျထရယ်ကြတော့သည်။

"မား ဘာလို့ရယ်"

"ချစ်လို့ပါ သားရယ်"

"ဦးဦးကရော နောက်ပြီး တီတီလေးကရော ဘာလို့ရယ်ကြတာလဲ"

"ချစ်လို့ဖြစ်မှာပေါ့ သားရဲ့"
မျက်မှောင်လေးကြုံ့ နှုတ်ခမ်းလေးစူကာ...

"ဟုတ်လား ဦးဦးနဲ့တီတီလေး"

"သွားကြိုးလေးမို့ ရယ်တာလေ ငါ့တူလေးရဲ့"

"တီတီလေးကို မခေါ်ဘူး!!"
စူးနေအောင် ထအော်လေတော့

"လာလာ မေမေ အခုမှ အပြင်ကပြန်လာတာ နားပါစေ။ဦးဦးနဲ့ဆော့ရအောင်"
ချက်ချင်းပင် အမေဖြစ်သူချီထားရာမှ အောက်သို့ ဆင်းလာပြီး ဇာမဏီမာန်ပေါင်ပေါ်တက်ထိုင်သည်။တကယ့်အတတ်လေး အလိုလိုက်တဲ့သူဆိုရင် ပီကေလေးကို ကပ်နေရော...

"ခေတ် ငါတို့ ခြံထဲ သွားကစားဦးမယ်။လိုက်မလား"

"မလိုက်နဲ့ မခေါ်ဘူး"
ခေါင်းကို ချာကနဲလှည့်လို့ သူစိတ်ကောက်နေပါသည်ပေါ့။

"ဟားဟား ဟုတ်ပြီ။တီတီ့ကို မခေါ်ဘူး။ကဲ သွားကြမယ်"
ခန္ဓာကိုယ်သေးသေးအား လေထဲ မြှောက်ကာ တစ်ပတ်လှည့်ပြီးမှ အိမ်ထဲမှ ခေါ်ထုတ်လာခဲ့သည်။ချီခံထားရတဲ့ ကလေးငယ်ကတော့ တခစ်ခစ်နဲ့ သဘောတကျရယ်နေလေရဲ့....

"ဦးဦး ဦးဦး"

"ဝေ ဘာပြောမလို့လဲ"

"လျိုဝှက်ချက်နော်။ဘယ်သူ့ကိုမှ ပြန်မပြောရဘူး"

-Stranger-Where stories live. Discover now