6

167 17 2
                                    

Unicode

"ငါကဟယ် အလုပ်ကိစ္စပြောဖို့ ဖုန်းဆက်တာပါဟယ်။အဲ့တာကို သူ့ကောင်မလေးက ငါ့ကို ရန်တွေ့လိုက်တာ ကတ်ကတ်ကိုလန်လို့။ထူးထက်နဲ့ငါနဲ့ အလုပ်တူတူလုပ်ဖို့ စီစဉ်နေတာလည်း အဲ့ကလေးမ သိတာဘဲကို"
နာနာတစ်ယောက် စွဲမြဲလက်မောင်းကို ပုတ်ကာပုတ်ကာနှင့် ထူးထက်ကောင်မလေးနဲ့ ပြဿနာဖြစ်တာကို အစအဆုံး လာပြန်တိုင်နေခြင်းဖြစ်သည်။

"အဲ့တာဟယ် ငါက ထူးထက်ကို အတင်းလိုက်ကပ်နေသလိုပုံစံမျိုးနဲ့ ငါ့ကို ပြောတာဟယ်။စွာတာနေတာဘဲ။သူငယ်ချင်းဆိုပြီး အခွင့်ရေးယူချင်နေတာလား။စနိုက်ကြော်ချင်နေတာလားဆိုတာက ပါသေး။ဒီကောင် ဒီတစ်ခေါက်တွဲတဲ့ဟာမလေးကို ဟုတ်လှပြီထင်နေတာ။တော်တော်ဆိုးဟယ်။ငါလည်း ဘာရမလဲ အဲ့ဟာကို recordလုပ်ထားပြီး ဟိုသေနာကောင်ကို ပို့ပေးလိုက်တယ်။နင့်ဟာလေးနင်ထိန်းဆိုပြီး...အမယ်လေး မောလိုက်တာ"
တကယ်မောသွားသည်ထင် တီတီလေး လာချပေးထားသည့် အချိုရည်ခွက်ကို မော့သောက်သည်။

"ဆိုတော့ကာ နင် စောစောစီးစီးရောက်ချလာတာက အတင်းပြောဖို့ပေါ့"

"ဟဲ့ အတင်း‌တော့ဘယ်ဟုတ်မလဲ ငါ့ကို ပြောဆိုသွားတာကို လာပြန်တိုင်တာ။ဖုန်းနဲ့ဆို နင်က အင်းအဲနဲ့ ဘာမှသိပ်ပြောမှာမဟုတ်လို့ လူကိုယ်တိုင် အပင်ပန်းခံလာတိုင်တာဟဲ့။ပြီးတော့ မစောတော့ဘူး။နာရီကိုကြည့် နေ့လည်စာစားချိန်ဖြစ်နေပြီ"

"အတင်းဘဲကို...ငါ့မှာ အပြင်ကပြန်ရောက်ပြီး အင်္ကျီတောင်မလဲရသေးဘူး။နင်ပွစိပွစိလုပ်တာ ထိုင်နားထောင်နေရတယ်"

"နင်က ဘယ်သွားပြီး ပြန်လာတာလဲ ပြောပါဦး"

"ငါ့ရည်းစားလား စစ်လားဆေးလားနဲ့။နင် အဲ့တာကြောင့် ထူးထက်ကောင်မလေးနဲ့ ပြဿနာဖြစ်တာ"

"ဪ ကိုကိုစွဲရယ် ရည်းစားမှ စစ်‌လားဆေးလားလုပ်ရမယ်၊ရည်းစားမှ ဖုန်းအကြာကြီးပြောရမယ်ဆိုရင်လေ ကျွန်မ ရှင်တို့၂ယောက်လုံးရဲ့ ရည်းစားလုပ်မယ်။ကဲ မှတ်ပြီလား။ဖြေစမ်းပါ ‌ငါမေးတာ"
ဒီဟာမလေးက သူ့ကိုယ်သူ မိန်းကလေးဆိုတာကိုလည်း ဂရုစိုက်ပုံမပေါ်ဘူး။ဒီစကားတွေကိုသာ သူများကြားရင် နှာခေါင်းရှုံ့မှာပေါ့။

-Stranger-Where stories live. Discover now