3

288 25 3
                                    

Unicode

Firstly I want to apologize to y'all.

ဆု Research လုပ်တာ အားနည်းချက်ရှိသွားပါတယ်။သတိထားမိကြလား မသိပေမဲ့ အပိုင်း၂မှာ အမှားပါသွားပါတယ်။စိတ်ပညာဘွဲ့က B.sc psychology နဲ့ B.A psychologyဆိုပြီး ၂မျိုးရှိပေမဲ့ ရန်ကုန်တက္ကသိုလ် မှာတော့ B.Aဘွဲ့ဘဲ ပေးတာပါ။B.scဆိုတာ မရှိပါဘူး။ဆု အဲ့နေရာမှာ B.scလို့ သုံးလိုက်မိတဲ့အတွက် တောင်းပန်ပါတယ်။အခုတော့ B.Aလို့ ပြန်ပြင်ပေးထားပြီးပါပြီ။
_ _ _

"မင်းတို့၂ယောက်က ​ပြောမယ်ဆိုလည်း ပြောကွာ"
ထူးထက်က စွဲမြဲ နဲ့ နာနာ့ကို နဖူးတစ်ယောက်တစ်ချက်တောက်ရင်း ဆိုလာသည်။

"လက်ပါပြန်ပြီ မင်း"

"မင်းတို့က ပြောမယ်ဆိုပြီး ဘာမှမပြောတော့ အိပ်များပျော်နေကြသလားလို့ပါ"

"ပြောမယ် ပြောမယ်။ငါတို့၂ယောက် တွဲနေပြီ"

"ကောင်းတာပေါ့။ငါက တွဲစေချင်နေတာ...ဘယ်တုန်းထဲကလဲ"
ထူးထက်က တည်တည်ငြိမ်ငြိမ်ဘဲ တုန့်ပြန်သည်။

"ပြီးခဲ့တဲ့လကမှပါ"
စွဲမြဲ​စကားကို နာနာက ခေါင်းငြိမ့်ခြင်းဖြင့် မှန်ကန်ကြောင်းပြသော်ငြား ထူးထက်ကတော့ တစ်ခုခုသတိရသွားဟန်ဖြင့် ခေါင်းခါရင်း စကားတစ်ခွန်း ၀င်ပြောသည်။
"ငါ့ကို April foolနေတာတော့မဟုတ်ဘူးမလား"

"အတည်ဟဲ့"
စွဲမြဲပုခုံးပေါ် ခေါင်းလေး အသာမှီလို့ နာနာက ခပ်စွာစွာလေး ပြောလာသည်။

"ရုတ်တရက်ကြီး ဒီနေ့က ဧပြီ ၁ရက်ဆိုတာ သတိရသွားလို့ပါ။အတည်ဆိုလည်း ကောင်းပါတယ်။နာနာ့ဒဏ်ကို စွဲမြဲဘဲ ခံတော့ပေါ့...ငါကတော့ လွတ်ပြီကျွတ်ပြီဘဲ"

"နင်ကလည်း မသိရင် ငါကဘဲ လူမိုက်မကြီးကျနေတာဘဲ ပြောပုံကိုက မခန့်တာ"

"ထူးထက်ရာ မစစမ်းပါနဲ့။မဟုတ်တောင် သူဒီရက်ထဲ စိတ်မကြည်ဖြစ်နေလို့ ငါမနည်း ပြောဆိုထားရတာ"

"အမယ်~~~~အရမ်းတွေချစ်နေကြတယ်ပေါ့လေ"

"ဒါပေါ့ အဟား!!"

"ယွ"

"စွဲမြဲရေ ငါ့ကို ပြောနေတာကို ငြိမ်ပြီးနားထောင်နေတော့မှာလား"
ထူးထက်ရှေ့မှာ တမင် အကဲပိုပြနေပါသော နာနာ့ကို အလိုက်သင့်လေး ကြံရာပါလုပ်နေပါသော စွဲမြဲက ပါရမီ ဤသို့ ဖြည့်၏...

-Stranger-Where stories live. Discover now