14(Final)

420 21 1
                                    

"အဲ့ကားနောက်ကို လိုက်"

စွဲမြဲကို ဖွက်ထားသည့်နေရာ သေချာပေါက်ရှိလိမ့်မည် ဟု ခေတ်သဇင် စိတ်ထဲ သေချာသွားသည်။သို့သော် ထင်ထားသလို အိမ်တစ်အိမ်၊တိုက်ခန်းတစ်ခု၊ဟိုတယ်တစ်ခု မဟုတ်ဘဲ ဆိုက်ရောက်ရာနေရာက ဆေးရုံဖြစ်နေသည်။မိမိထင်ထားသလိုမဟုတ်ဘဲ အလုပ်လာတာ ဖြစ်နိုင်သည်ဟု ရုတ်တရက်ထင်လိုက်မိသော်ငြား ကို‌နိုင်နှင့်ကိုကျော်ထွဋ်တို့၏ လက်ထဲတွင် အဝတ်အိတ်နှင့် စားစရာအချို့သယ် သွားသည်ကို မြင်လိုက်ရသောကြောင့် ချက်ချင်း နောက်မှလိုက်သွားမိသည်။

"တခြား သူတို့အသိကို သတင်းမေးတာဆိုရင် ဒီတိုင်း ဘာပြဿနာမှမရှာဘဲ လှည့်ပြန်လာမယ်။စွဲမြဲသာဆိုရင်...စွဲမြဲသာဆိုရင်..."
ကိုယ့်ကိုယ်ကိုယ် ပြန်ကာ စကားဆိုနေသည်မှာ အရူးသဖွယ်။

ဆေးရုံခန်းတံခါးဝအရောက်တွင် တံခါးတွင်ရှိသော မှန်ပေါက်မှတစ်ဆင့် မြင်လိုက်ရသည်က တကယ်ပင် စွဲမြဲ ဖြစ်နေသည်။ချောင်ကျသွားသည့် မျက်နှာ၊အားမရှိသည့် ပုံစံက ခေတ်သဇင်ကို အလွန်စိတ်ပူသွားစေသည်။ဘာမှပင် စဉ်းစားချိန်မရဘဲ တံခါးဖွင့်ကို ချက်ချင်းဝင်သွားမိသည်။

"စွဲမြဲ သား"

စွဲမြဲက ဘီလူးသရဲမြင်သလို လန့်သွားသည့် မျက်နှာပေးနှင့်
"တီ..တီလေး"

"တီလေး ဘယ်လောက်စိတ်ပူနေမလဲ သား မသိဘူးလား။အခု ဘာဖြစ်တာလဲ။နေပါဦး...မမကြီးကို ဖုန်းဆက်ရမယ်။သားကို ဆေးရုံပြောင်းဖို့ စီစဉ်ရမယ်"

"မဆက်နဲ့။သား မလိုက်ဘူး"

"စွဲမြဲပိုင်"
စွဲမြဲအတွက် ဤသို့ ခေတ်သဇင်ထံမှ နာမည်အပြည့်အစုံအခေါ်ခံရခြင်းက ပထမဆုံးအကြိမ်ဖြစ်လိမ့်မည်။

"တောင်းပန်ပါတယ်။ကျွန်တော် ပြန်မလိုက်နိုင်ဘူး"

"ဘာလို့ ခေါင်းမာနေရတာလဲ။ဘာလို့ ဘာမှမဟုတ်တဲ့ လူတစ်ယောက်အပေါ်ထားတဲ့ ခံစားချက်လေးကြောင့်နဲ့ တီလေးကိုပါ ခါးခါးသီးသီးဆက်ဆံနေတာလဲ။ဇာမဏီမာန်က အဲ့လောက်တောင် အရေးပါလား။အချစ်ဆိုတာ အဲ့လောက်အရေးကြီးနေလို့လား ဟမ်!!"

-Stranger-Where stories live. Discover now