Part 2
7.4K 582 23
"Hello!  Long Time No See "
"အိုးး ဘိလပ်ပြန်ကြီး ကျုပ် ဆီ လာလည်လေရော့"
'မြို့အုပ်ရုံးခန်းထဲကို အသက်၂၈နှစ်အရွယ် လူရွယ်တစ်ယောက်ဝင်လာကာ မင်းခေတ်ရှေ့ရပ်ပြီး စကားပြောနေသည် ထိုသူက ချည်ပုဆိုးနဲ့တိုက်ပုံအနက်ကို ဝတ်ထားပြီး သားရေဖိနပ်ခြေညှပ်ကို စီးထားကာ လက်ထဲမှာလည်း ဦးထုပ်အနက်ဝိုင်းကို ကိုင်ထားသည်'
"အန်တီမြ ဆီကနေ မင်း စေ့စပ်မယ်သတင်းကြားလို့ လာခဲ့ရတာ ဆိုပါအုံး မြို့အုပ်မင်းရဲ့ ကျုပ်ကို ချန်ထားမလို့လား"
"မချန်ထားပါဘူးး ညနေမှာပဲ မင်းဆီ ကြေးနန်းရိုက်တော့မလို့  လာ ထိုင်"
"ဆိုပါအုံးး သတို့သမီးက ခတ်တရာမြို့ရဲ့ နတ်သမီးလေးဆို ဘယ်လို ဆုံတွေ့တာလဲ"
"မာမီ တို့ သူငယ်ချင်း ရဲ့ သမီးလေးပါ ကျုပ်က သားလိမ္မာပေါ့"
"မင်းခေတ်ဝဠာမောင် တို့က ဘယ်တုန်းက လိမ္မာသွားရတာလဲ"
"မိုးညို ကျုပ် မင်းကို အကူညီတောင်းစရာရှိတယ်"
"ဆိုပါအုံးး"
'မင်းခေတ် ထုတ်ပေးလိုက်တဲ့ စီးကရက်ကို သောက်ပြီး ပြောဆိုပြီး မေးဆက်ပြလိုက်သည်'
"ဘိလပ်မှာ ဆေးပညာ တော်တော် တိုးတက်လာမှာပဲ"
"စကားကို ဝေ့ဝိုက်မနေပါနဲ့ လိုရင်းပြော မင်းနဲ့ကျုပ် က သူငယ်ချင်းတွေပဲ"
"စိတ်ထုံထိုင်းပြီး အသိစိတ်မရှိတော့တဲ့ ဆေး ရှိလေသလား"
"နို့  မင်းက ဘာလုပ်မလို့လဲ ဒါ တရားမဝင်ဘူးဆိုတာ မင်းသိမှာပါ"
'မင်းညို က ဆေးလိပ်မီး သတ်ပြီး မျက်ခုံးပင့်ပြီးပြောလိုက်သည်'
"တရားရေးပိုင်း ကို ကျုပ် ပိုင်ပါတယ် မင်းသာ ကူညီပေး"
"Reason လေးတော့ ပေးသင့်တာပေါ့"
"ယူစရာလေး ရှိလို့ အဲ့လို မှတ်ထားပေး ဒါနဲ့ မင်း ဘယ်မှာ တည်းလဲ"
"မြို့လယ်က ပန်းရိပ်ဧည့်သာမှာ တည်းတယ် အခုလည်း မင်းဆီ ခဏ ဝင်လာတာ"
"နို့  ခဏ ဆိုတော့ မင်းက ဘယ်ဝင် အုံးမှာလဲ"
"ခတ်တရာသူလေးတွေ ငေးးမလို့လေ GoodBye"