A/N -တချို့ပေါက်စလေးတွေက A/N မဖတ်ကြလို့ ထိပ်ဆုံးကနေရေးပေးလိုက်တာ လွတ်လပ်စွာ ဆဲပိုင်ခွင့်ရှိပါသည် စိတ်ကြိုက်ဆဲကြပါ ရင်ထဲပေါ့သွားတဲ့ထိ ဆဲပါ ဘယ်လို အဆုံးသတ်စေချင်လည်းဆိုတာထိပါ ပြောခဲ့ကြပါ"စမ်း မောင့်စမ်း မောင့်ကို ထားသွားတော့မှာလား"
'မင်းခေတ်က စမ်း လက်ဖဝါးလေးကို ပွတ်သပ်ပြီး မေးလိုက်သည်'"မောင် ကုသိုလ်ယူမှာကို မပိတ်ပင်စမ်းနဲ့ အဖေက ဘယ်မလဲ ဆံချဖို့ တဘက်စကိုင်ရမှာလေ"
"အန်ကယ်က ဟိုမှာ"
'မင်းခေတ်က ဦးအုန်းရှိတဲ့ သရက်ပင်အောက် မေးငေါ့ပြလိုက်သည်"သား လာတော့လေ ဘုန်းဘုန်းက စောင့်နေတာ"
"ဟုတ် အဖေ"
"မောင် တဘက် ကိုင်ပေးမယ်နော် တားမရမှတော့ စမ်းအကြိုက် ပါရမီဖြည့်ရုံ ရှိတော့တာပေါ့"
"ဒီနှစ်တော့ ခင်က တဘက်စ မကိုင်ရတော့ဘူးပေါ့"
"ခင်လေးအိမ်ထောင်ကျရင် ကိုင်ရမှာပါ စိတ်မကောက်နဲ့"
'စမ်း က သူ့နှမ ခေါင်းလေး ကိုင်ကာ ပြောလိုက်သည်'"လာ သား ထိုင်တော့ ဘုန်းဘုန်း ဆံချတော့မှာ"
"ဒကာလေး ထိုင် ဒကာကြီးတို့က တဘက်ကိုင်ထားပေးတော့"
'ဘုန်းဘုန်းက ဆံချပေးနေတာကို မင်းခေတ်နဲ့ ဦးအုန်းက တစ်ဘက်အရှည် အစွန်းစလေးတွေကိုင်ပြီး စမ်း ရဲ့ဆံပင်တွေကို ခံနေကြသည်'
#ရှင်ပြုအလှူတွေမှာ ပေါက်စတို့မြင်ဖူးလား ဆံချတာကိုလေ မိဘ နှစ်ပါးက တဘက်အရှည်ကို ကိုင်ထားကြတာ"ဒကာရေကြည် ဒကာ့အဖေကို ချော့ပါအုံး ဒီနှစ်လည်း ငိုပြန်ပြီ"
'စမ်း ကို ကြည့်ရင်း မျက်ရည်တွေ ကျနေတဲ့ ဦးအုန်းကြောင့် ဘုန်းဘုန်းက စမ်း ကို အသိပေးလိုက်သည်'"အဖေရာ ငိုပြန်ပြီလား အမေက ကောင်းရာဘုံဘဝမှာပျော်နေမှာပါ"
"ဟုတ်သားပဲ အဖေရယ် အဖေ့မှာ မောင်မောင်ရော ခင် ရော ရှိနေသေးတာပဲလေ ခင် က အဖေနဲ့ တစ်သက်လုံးနေမှာ"
'ခင်ကြည်က ထိုင်နေတဲ့ ဦးအုန်းလက်လေးကို ကိုင်ကာ ပြောလိုက်သည်'"ကြည်ဖြူ သာရှိရင် သူ့သားအတွက် ဝမ်းသားပီတိဖြစ်နေမှာ အဖေတို့ရှင်ပြုအလှူမှာတောင် သူ့သားကိုရင်လေးကို ကြည့်ပြီး မျက်ရည်ကျခဲ့တာ"
YOU ARE READING
RomanceStart Date-1/12/2021 End Date-4/4/2022 Rebirthလေးပါ 1900ခေတ်ပိုင်းကို စိတ်ကူးယဉ်ရေးဖွဲ့ထားတာပါ နေရာဒေသ အသုံးအဆောင် အသုံးအနှုန်းများသည် ယဉ်လေးရဲ့စိတ်ကူးယဉ်များသာဖြစ်သည် နာမည်ပေးထားတာ တူနေသူများရှိပါက လာရောက်ပြောပေးကြပါ လိုအပ်ချက်များရှိပါက သည်းခံဖတ်ပေ...