"ဒွေးလေး ဗျို့ဒွေးလေး"
"ဟယ် တူတူလေး မင်း မသေဘူးပေါ့ ဝမ်းသာလိုက်တာကွယ်"
'ဒွေးလေးက ဆီမီးခွက်ကို ကိုင်လျှောက်လာပြီး အနားရောက်မှ သူ့တူမှန်းသိကာ ခွက်ကို ချပြီး အတင်းဖက်လိုက်တော့သည်'"ဟာ ဒွေးလေးရာ ဖယ်ပါအုံး ဧည့်သည်တွေပါလာတယ်"
'သူ့ကို အတင်းဖက်နေတဲ့ ဒွေးလေး ကို ဆွဲခွာကာ နောက်က ဧည့်သည်ပါကြောင်းပြောလိုက်သည်'"အားနာလိုက်တာ မောင်ရင်တို့ လာထိုင်ကြ မှောင်နေပြီမို့ ကြည့်သာလာခဲ့တော့"
# ကြည့်သာလာခဲ့ က ဂရုစိုက်လာခဲ့လို့ ပြောတာပါ"ဟုတ်ကဲ့"×5
"ဦးလေး လာ အိမ်ထဲဝင်အုံး ဒါ ကျုပ်ဒွေးလေး အဖေ့ရဲ့အစ်မအကြီးဆုံးလေ ဒွေး သူတို့က လွန်တန်းကနေပြန်လာတာ မိုးချုပ်လို့ ကျုပ်ကခေါ်လာတာ"
"အဖေက စာပို့တော့ ငါ ငိုနေရတာ တူတူလေး ဆုံးပြီဆိုပြီး အခု အဖေတို့သိလား မင်း မသေတာ"
'ဒွေးလေးအသက်က 58ရှိပြီဖြစ်သည် အဘအသက်က 79ပါ'"မသိသေးဘူး အဘတို့ ဒွေးလေးတို့က တယ် အ ကြသကို ရေဘဝဲ က အဖေခေါ်ရလောက်အောင် ရေကူး ရေငုပ်ကျွမ်းတဲ့ ကျုပ်ကို သေပြီထင်နေကြတာ အံ့ပါရဲ့ ပြလိုက်ချင်စမ်းပါဘိ မိုးတူ ဘယ်လို ရေကူးခဲ့လည်းဆိုတာ ခုမှပြန်ရောက်တာသာကြည့် "
"ဒီကောင်လေးးး ကျုပ်တို့က လူကြီးတွေဟဲ့ စိတ်ပူတာပေါ့ ဒီက မောင်ရင်တို့ ထန်းလျက်ခဲလေး ကိုက်ကြအုံး"
"ဗျာ!"×4
'ဒွေးလေးရဲ့ စကားလည်း ကြားကော ဦးဝဏ္ဏရဲ့တပည့် လေးယောက်လုံး ဗျာ တမိလိုက်သည်'"ဒွေးလေးကလည်း သူတို့ကမြို့ကဗျ စားကြအုံးလို့ပြောရမှာ ကိုက်ကြအုံးဆိုတော့ သူတို့ကိုယ်သူတို့ ခွေး လို့ ထင်သွားကြမှာပေါ့"
"အမ်"×5
'ဦးဝဏ္ဏက အညာဓလေ့ သိလို့မို့ ထန်းလျက်ခဲလေးတွေကို သူ့တပည့်တွေပါ ပေးပြီး စားနေကြရာ မိုးတူ စကားလည်း ကြားကော ထပ်စားရမလို ပြန်ချရမလို ဖြစ်နေကြတော့သည်'"အယ်တော် ကျုပ်က မောင်ရင်တို့ကို ခွေးလို့ မထင်ပါဘူးကွယ် ဝင်လာကတည်းက လူတွေဆိုတာ သိပါတယ်ကွယ် စားကြပါ စားကြပါ"
YOU ARE READING
RomanceStart Date-1/12/2021 End Date-4/4/2022 Rebirthလေးပါ 1900ခေတ်ပိုင်းကို စိတ်ကူးယဉ်ရေးဖွဲ့ထားတာပါ နေရာဒေသ အသုံးအဆောင် အသုံးအနှုန်းများသည် ယဉ်လေးရဲ့စိတ်ကူးယဉ်များသာဖြစ်သည် နာမည်ပေးထားတာ တူနေသူများရှိပါက လာရောက်ပြောပေးကြပါ လိုအပ်ချက်များရှိပါက သည်းခံဖတ်ပေ...