"သား!"
"ဗျာ အဖေ"
"မနက်အတွက် သမီးလေးကို သွားခေါ်လိုက်ပါအုံး"
"ဟုတ်အဖေ ကြက်သွန်နီဥတွေ က တောင်းထဲမှာနော် အရီးလေး ဒီမှာ ဓား"
'စမ်းက သူ့လက်ထဲက ဓားအသေးလေးကို အရီးပေးလိုက်သည်'"အေး ငါ့တူ အဖော်လေးခေါ်သွားနော် သုသာန်ကုန်းကို တစ်ယောက်ထဲ မသွားနဲ့"
"ဟုတ် ရတု !"
"အေး ဘာလဲ"
"ကျုပ်နဲ့ သုသာန်ကုန်း လိုက်ခဲ့အုံး"
"နို့ ကျုပ်က လူကြမ်းပေမယ့် သရဲကြောက်တတ်တယ် တခြားသူခေါ်သွား"
"သတ္တိနည်းလိုက်တာ နှင်းလေး ကို ပြန်စဉ်းစားခိုင်းရမယ်"
"ကလေးနဲ့ ဘာမှမဆိုင်ဘူးး သွားစရာရှိတာသွား"
"အကို!"
"သြော် ထွေး လည်း ရောက်လာသားပဲ "
'ခြံ အဝမှာ နုထွေးနဲ့ဆုံမိကြသည်'"ဟုတ်တယ်အကိုရဲ့ ခင့် ရက်လည်ပဲလာရမှာပေါ့ အစ်မနုရီက ကလေးနဲ့မို့ မလာတာဆိုတာ ပြောပေးပါအုံးတဲ့"
"ကျုပ် နားလည်ပါတယ် စမ်းရေ လေးကော နေကောင်းလား အလုပ်ရှုပ်နေတာနဲ့ မလာဖြစ်ဘူး"
"ကောင်းတယ် ဒါနဲ့ အကိုက မြို့အုပ်မင်းကို ဒီအတိုင်းလွှတ်ထားတော့မလို့လား"
"နို့ ကျုပ်က ဒီအတိုင်း မလွှတ်လို့ နွားဖားကြိုး(နဖားကြိုး) ထိုးထားရမှာလား"
"အိုးးအဲ့လိုမဟုတ်ပါဘူး အကို့ယောက်ျားက ထွေးဆီကို ခဏတိုင်းလာပြီး အဝတ်တွေဝယ်ပေးနေတာလေ ထွေး ငြင်းတာကို မရဘူး အခု ဝတ်လာတာလဲ မြို့အုပ်မင်းပေးထားတာ အကိုက တားရ ရင် တားပါအုံး"
'နုထွေးက သူ့ကို မင်းခေတ်က သဘောကျနေကြောင်းကို သွယ်ဝိုက်ပြောလိုက်သည်'"နှမတောင် ကျေနပ်လို့ ဝတ်လာသေးတာ ကျုပ်က မျက်နှာပြောင်တိုက်ပြီး တားနေရမှာလား "
"အကို စိတ်ခုနေမှာမို့ပြောတာပါ "
"စိတ်ထဲတောင် မရှိပါဘူး နို့ ဒေါ်ဒေါ်တို့ပဲ သြော် မြို့အုပ်မင်းလည်းပါတာပဲ"
'ကခံထဲဝင်လာကြတဲ့ မင်းခေတ်တို့မိသားစုလေးယောက်ကိုမြင်ပြီး စမ်းက နှုတ်ဆက်လိုက်သည်'
YOU ARE READING
RomanceStart Date-1/12/2021 End Date-4/4/2022 Rebirthလေးပါ 1900ခေတ်ပိုင်းကို စိတ်ကူးယဉ်ရေးဖွဲ့ထားတာပါ နေရာဒေသ အသုံးအဆောင် အသုံးအနှုန်းများသည် ယဉ်လေးရဲ့စိတ်ကူးယဉ်များသာဖြစ်သည် နာမည်ပေးထားတာ တူနေသူများရှိပါက လာရောက်ပြောပေးကြပါ လိုအပ်ချက်များရှိပါက သည်းခံဖတ်ပေ...