Part 44
2.6K 240 41
^ဘာဖြစ်တာ ကျုပ်က ချစ်ရမယ်လား မြို့အုပ်မင်းက သိပ် စိတ်ကူးယဉ်တာပဲ  ကျုပ်က ယောက်ျားပျိုတွေကို ရင်မခုန်ဘူး နယ်ချဲ့လက်ပါးစေဖြစ်တဲ့ မြို့အုပ်မင်း အနားမှာ ရှိနေရတာ မသတီလွန်းလို့ သတ်သေချင်မိသည်အထိပဲ^
!!!မောင် မထိုင်နဲ့ ထတော့ မောင့်ကို ပစ်သတ်တော့မှာ မောင်!!!
^ခင်ဗျား လုပ်ရက် တယ် စမ်း^
!!မဟုတ်ဘူးး ကိုကို ဘာမှ မလုပ်ဘူးး မောင် ဖယ်  ဖယ်တော့ မင်းကို ဟိုမိန်းမက ပစ်တော့မှာ ဖယ်ပါတော့ !!!
ဒိုင်း***
"မောင် မောင်!! ငါ့ရဲ့မောင်"
"စမ်း  မောင်ရှိတယ်  မောင်အနားရှိတယ်နော်"
'မင်းခေတ်က အိပ်ခန်းအပြင်ရောက်နေကာ စမ်း အော်သံကြောင့် အခန်းထဲ ပြေးလာပြီး စမ်း ကို ဖက်ထားလိုက်သည်'
"မောင် ငါ မောင့်ကို အဆုံးရှုံးမခံနိုင်ဘူးး ကိုကို မောင့်ကို မကာကွယ်နိုင်ခဲ့ဘူးး မောင် မောင်သာ ပြန်မွေးဖွားမလာခဲ့ရင် ကိုကို က မောင့်စိတ်နဲ့ အသေဖြောင့်မယ် မထင်ဘူး"
'စမ်း က မင်းခေတ်ကို ဖက်ငိုကာ ပြောမိလိုက်သည်'
"စမ်း ရယ် အတိတ်ကို အတိတ်မှာထားလိုက်တော့လေ မောင်က စမ်း ကို ထားခဲ့ပါ့မလား မောင့်ကိုယ်မောင် ကာကွယ်ပါ့မယ်နော် စမ်း ကို ကတိပေးတယ်"
'မင်းခေတ်က သူ့ရင်ခွင်ထဲက စမ်း ခေါင်းလေးကို ပွတ်သပ်ပေးနေတော့သည်'
"မောင် မရှိရင် ကိုကို သေသွားမှာ ကျေးဇူးပါမောင် ကိုကို့အတွက် ပြန်မွေးဖွားလာပေးလို့"
"အင်း ဘုရားရှင်က စမ်း ရဲ့အချစ်တွေရအောင် တစ်ဖန်ရှင်သန်ခွင့်ပေးလိုက်တယ်ထင်မိပါ့ လွဲမှားနေတဲ့ မောင့်အမြင်တွေ ပြင်ရအောင် ပြန်မွေးဖွားပေးတာ ထင်တယ် မောင်သာ ပြန်လည်မွေးဖွား မလာရင် အာဃာတ အငြိုးတွေနဲ့မကျွတ်လွတ်သေးတဲ့ ဝိညာဉ် ဖြစ်နေမှာ အသေချာပဲ"
"ကိုကိုလည်း နောင်တ တရားတွေနဲ့ မကျွတ်လွတ်ဘဲရှိနေမှာ အသေချာပဲ"
"စမ်း မောင့်ကို ပြောပြသင့်ပြီထင်တယ်"
"ဘာကိုလဲ မောင်"
'စမ်း က မင်းခေတ် ရင်ခွင်ထဲကနေ ထွက်ကာ မေးလိုက်သည်'