Part 42
2.6K 224 27
"ကဲဗျာ အခု လှည်းပြိုင်ပွဲ ပြီးတော့ အစားပြိုင်ပွဲရောက်လာပါပြီဗျာ"
"မမလာ လာ ကျုပ်တွဲဖက်လုပ် ဒေါက်တာကြီးက ပြန်သွားတော့ မရှိဘူး"
"အမလေး တူတူရယ် နှစ်တိုင်း ကျုပ်နဲ့ပဲ ပြိုင်လာတာပါ မပြောချင်ဘူး ဟွန့်"
"စမ်း ပြိုင်အုံးမှာလား"
"တော်ပြီမောင် ကျုပ် မစားနိုင်ဘူး မောင် မမြင်ဖူးရင် ကြည့်လေ သေချာပေါက် မိုးတူ နိုင်မှာ သူက နှစ်တိုင်း နိုင်တာ"
"ဟိုမှာ စမ်း ခယ်မလည်း ပါမယ်ထင်တယ် သူကလည်း အစားသရဲပဲ"
'မင်းခေတ်က လှုပ်ရွ ရွ ဖြစ်နေတဲ့ နှင်း ကို မေးငေါ့ပြလိုက်သည်'
"ဦး ဝင်ပြိုင်ချင်တယ် ငှက်ပျောသီးတွေက စားချင်သဖွယ်တွေ"
'နှင်း က ရတု လက်ကို ဖက်ကာ ပြောလိုက်သည်'
"ကလေးက ဖမ်းနိုင်လို့လား အဲ့ဒါ ဒီတိုင်းစားရတာ မဟုတ်ဘူး"
"ဘယ်လို ဖမ်းရတာလဲဟင်"
"ကလေးက ညာသန်ဆို ကလေးရဲ့ညာဘက်လက်ကို နောက်မှာပို့ထားပြီး ရှေ့ကလူက ပစ်ပေးတဲ့အသီးကို ရအောင်ဖမ်းနိုင်မှ စားရတာ  ပစ်ပေးတဲ့သူကလည်း တည့်တည့်ပစ်ပေးတတ်ရတယ်လေ"
"ပြိုင်မယ် ကလေး ပြိုင်မယ် လာလာ ဦး"
'နှင်း က ရတု ကို ကွင်း အတွင်း ဆွဲခေါ်သွားတော့သည်'
"ကဲ ခရာသံ ပေးတာနဲ့ စကြရမယ်နော် စားမယ့်သူနဲ့ ပစ်ပေးမယ့်သူ ဝါးလုံးတစ်ဝက်ခန့် အကွာမှာ ရပ်ပေးကြပါ ငှက်ပျောသီး ၁၅ လုံး သရက်သီးမှည့် ၅လုံး အပြင် ကောက်ညှင်းထုပ် ၂ထုပ်ကို ကုန်အောင်စားနိုင်မှ အနိုင်ရမှာပါ အောက်ကျသွားတာတွေကို အစားပြန်ပေးပါ့မယ် ကွမ်းတစ်ယာညပ်ဆို အချိန်စေ့ပါပြီ ပြိုင်ပွဲဝင်အကုန်လုံးက အကုန်မစားနိုင်တောင် အကုန်နီးပါး စားနိုင်တဲ့သူက အနိုင်ရမှာပါ ကဲ စပြီ"
#ကွမ်းတစ်ယာညပ် ဆိုတာ ဆယ့်ငါးမိနစ်လို့ ယူဆပါမယ်နော်
ဝီ***
"မမ မြန်မြန် ပစ်"
"ရွှေကြည် သေချာ ပစ်လေဟယ် ကျုပ် ခေါင်းမှန်ကုန်ပြီ"
"ဖျင်းတာဟယ် အောက်ကြည့်ပဲ"
"အားးမမ ကျုပ် လက်ကို ဘာလို့ ထုတာလဲ နာတယ်ဗျ"