Part 9
4.4K 406 19
"နို့ ကိုရေကြည် ခင်ဗျားက လူနာစောင့်လာတာလား ပျော်ပွဲစား လာတာလား"
'အပြင်ကနေ ပြန်လာတဲ့ စမ်း ကို  မင်းခေတ်က ကုတင်ပေါ်ကနေ ထိုင်လျက် မေးလိုက်သည်'
"ကျုပ် မြို့အုပ်မင်းကို သုံးည တိတိစောင့်ပေးနေတာ လူနာစောင့်မဟုတ်လို့ဘာလဲ"
"ခင်ဗျားက ကျုပ် ကို ကူညီရမှာလေ ဘာလို့ ဆေးရုံအပြင်ပဲသွားနေတာလဲ"
"မြို့အုပ်မင်း ကို ချီး ပါ သေးပေါက်ထိ ကျုပ်က ကူတွဲရမှာလား ထိခိုက်မိတာ လက် မို့ ထမင်းခွံကျွေးတော်ပေါ့"
"ဟောဗျာ စမ်းက အဲ့လောက်ထိ လုပ်ပေးချင်နေတာလား မောင် မသိလို့ မခိုင်းမိတာပါ နောက် ခိုင်းမယ်နော်"
"ဒီမှာမြို့အုပ်မင်း ကျုပ်နာမည် ရေကြည်စမ်း မြို့အုပ်မင်းထပ် ၇ နှစ်ကြီးတယ်  စမ်း လို့ မခေါ်နဲ့"
'စမ်း က စားပွဲ ကို လက်နှစ်ဖက်ထောက်လျက် စိတ်ရှုပ်တဲ့အကြည့်နဲ့ပြောလိုက်သည်'
"ကျုပ် မောမှာဆိုးလို့ ခေါ်တာလေ  စမ်း လည်း မောနေရင် ကျုပ် ကို မောင် လို့ခေါ်ချင် ရပါတယ်"
"--------"
'စမ်း လည်း ပြိုင် မငြင်းတော့ဘဲ ခုံမှာထိုင်ပြီး စာဖတ်နေလိုက်သည် သူ မြို့အုပ်မင်း အတွက် လူနာစောင့်လုပ်ပေးနေသည်မှာ ၃ည ရှိပြီဖြစ်သည် ထမင်းစားတိုင်း စမ်း က အမြဲ ခွံ့ကျွေးရသည်'
"စမ်း မောင် ရေဆာတယ်"
"နို့ မြို့အုပ်မင်း ခင်ဗျားက လက် ထိခိုက်တာလား မျက်လုံးထိခိုက်တာလား "
"လက် ခိုင်းမိတာပါ စမ်းရဲ့"
'ပတ်တီးအနည်းငယ်လောက်သာ စီးထားသည့် ညာဘက်လက်ကိုမြှောက်ပြလိုက်သည်'
"ခင်ဗျား ကုတင်ဘေးက ရေဗူးကို မမြင်တာလား ယူသောက်လေ"
"ခင်ပွန်း နေမကောင်းဖြစ်နေတာကို စမ်း က ပြုစုရမယ်လေ "
"အဲ့ ခင်ပွန်းဆိုတာ မပြောစမ်းပါနဲ့ ကျုပ်နဲ့ မြို့အုပ်မင်း က ယူရသေးတာမဟုတ်ဘူး"
"အိုးးးနောက်လဲ ယူရမှာပဲလေ ကြိုခေါ်ထားရတာပေါ့ မောင့်ခင်ပွန်းရယ်"
'မင်းခေတ်က ကုတင်ပေါ်ကနေ ခြေတွဲလောင်းချထိုင်ပြီး စမ်း ကို စနေတော့သည်'