စာလုံး စစ်မထားပါ အမှားပါရင် ပြင်ဖတ်ပေးကြပါ
"ရေကြည် ကျုပ် ဒေါက်တာ ကို သနားလိုက်တာ"
'ကိုတင်မြင့်က စိတ်မကောင်းစွာ ပြောလိုက်သည်'"ဟုတ်ပါ့ကွာ ပြီးတော့ မိုးတူ အတွက်ကောပဲ သစ္စာဖောက်ကို သိလို့ကတော့ ကျုပ်အသေသတ်ပစ်မယ်"
"ကိုတင်မြင့် စကားကို သတိထားပြော ဒါဆေးရုံ"
"ကျုပ် သတိလွတ်သွားတယ် ရေကြည် ဟိုမှာ နယ်ချဲ့တွေ"
'နောက်ကျောဘက်က လာနေတဲ့ အင်္ဂလိပ်တွေကို ကိုမြင့်တိုးက မေးငေါ့ပြလိုက်သည်'(အိုးး မြို့အုပ်ကတော်ပဲ ခင်ပွန်းကို လာကြည့်တာလား)
'Thomas က စမ်းကို နှုတ်ဆက်လိုက်သည်'*ဟင် ညီမောင် က ဆေးရုံမှာလား*
(ခင်ဗျားရဲ့ မျက်စိထဲ ကျုပ်က မိန်းကလေး လို့ မြင်နေတာလား ကျုပ်က မြို့အုပ်ကတော် မဟုတ်ဘူး မြို့အုပ်ရဲ့ခင်ပွန်း)
(Sorry ကျုပ် မြို့အုပ်မင်းဆီက ပြန်လာခဲ့တာ မောင်မင်း ကိုတောင် မေးခဲ့သေးတယ် )
(မလိုအပ်ဘူးလို့ ထင်တာပဲ)
(ဒါမျိုးမှ သဘောကျတာ မြို့အုပ်မင်းနေရာ မောင်မင်းသာဆို မောင်မင်းခေတ်လို ဒဏ်ရာ ရမယ်မထင်ဘူး ကျုပ်နဲ့အတူ လက်တွဲမလား မနစ်နာစေရဘူး)
(အဟက် ကျုပ်ယောက်ျားကိုတောင် မကာကွယ်နိုင်တဲ့ ခင်ဗျားလက်အောက် ဘာလို့လုပ်ရမှာလဲ ကျုပ်ရော အန္တရာယ်ကင်းပါမယ်လို့ အာမခံနိုင်လို့လား)
(ဟားးဟားးမောင်မင်းက တကယ်ဥာဏ်ရည်မြင့်တယ် မောင်မင်းခေတ်က လက်တွဲဖော်ကောင်းရထားတာပဲ ဝမ်းသာပါတယ်)
(ရပါတယ် Mr တို့ အချိန်ကုန်နေရောပေါ့)
'စမ်းက ပါးနပ်စွာ နှင်လိုက်သည်'(အိုးးခွင့်ပြုပါအုံး မောင်မင်းရဲ့ယောက်ျားက ဟိုဘက်အခန်းထဲမှာ)
(ကျုပ်သိတယ်)
'Thomasလည်း သူ့တပည့်တွေနဲ့အတူ စမ်း ရှေ့ကနေ ထွက်သွားလေသည်'"မြို့အုပ်မင်း ဒဏ်ရာ ရထားတယ်တဲ့ ရေကြည် သွားကြည့်မှာလား"
"ကြည့် ရမှာပေါ့ ကျုပ်ယောက်ျားပဲကို"
*ဟောဗျာ တို့ခေါင်းဆောင်က ချက်ချင်းပြောင်းလဲသွားတာပဲ*
'ကိုတင်မြင့်နဲ့ကိုမြင့်တိုးက မင်းခေတ်အခန်းဆီသွားနေတဲ့ စမ်းကို ကြည့်ကာ ပြုံးနေကြတော့သည်'
YOU ARE READING
RomanceStart Date-1/12/2021 End Date-4/4/2022 Rebirthလေးပါ 1900ခေတ်ပိုင်းကို စိတ်ကူးယဉ်ရေးဖွဲ့ထားတာပါ နေရာဒေသ အသုံးအဆောင် အသုံးအနှုန်းများသည် ယဉ်လေးရဲ့စိတ်ကူးယဉ်များသာဖြစ်သည် နာမည်ပေးထားတာ တူနေသူများရှိပါက လာရောက်ပြောပေးကြပါ လိုအပ်ချက်များရှိပါက သည်းခံဖတ်ပေ...