Part 8
4.5K 445 34
"မြို့အုပ်မင်း ဘာမှမဖြစ်လောက်ပါဘူးနော် ကိုမြင့်တိုး"
"ကျုပ်လည်း မသိတော့ပါဘူးး"
"ကိုမြင့်တိုး တို့ လှည်းပေါ် ပြောင်းကြတော့ အင်္ဂလိပ် တချို့က ကားကို မြင်လိုက်ကြတယ် "
'မိုးတူက စိုးရိမ်စွာပြောလိုက်သည်'
"ရေကြည်က သတိမရသေးဘူး"
"ပွေ့ခေါ်လိုက်"
'လူရှင်းတဲ့နေရာမှာ ရေကြည်ကို မပြီး လှည်းပေါ်ရွှေ့လိုက်ကြသည်'
"မိုးတူ မင်း မြို့အုပ်မင်းကို သွားကယ်ပေးပါလား"
"မဖြစ်ဘူး ရေချမ်း မိုးတူ ဖမ်းမိလိမ့်မယ်"
"ကျုပ်ကို မပူပါနဲ့ ကျုပ်လုပ်သင့်တာ သိပါတယ် ဂရုစိုက်ကြပါ အကိုတို့"
ဝူးးဝူးး
'မိုးတူရဲ့ ကားလေးက မိုင် ကုန်တင်ပြီး ခတ်တရာမြို့ဆီ မောင်းသွားတော့သည်'
"ဒီကောင်လေးးက ဘယ်မောင်းသွားတာလဲ ရေချမ်း အမြန် လှည်းက သွားကြမယ်"
'ကိုမြင့်တိုး တို့လည်း လှည်းနှစ်စီး က ကာ သာမာန် လူတွေလို မောင်းနှင်လာကြတော့သည် '
ခတ်တရာမြို့ ပန်းရိပ် ဧည့်သာတွင်;
ဒုန်းးးးဒုန်းးးး ဒုန်းးးး
"ဘယ်သူက တံခါးကို အတင်းထု နို့ မင်းဘယ်သူလဲ ဘာလို့ အတင်းဆွဲခေါ်နေတာလဲ"
'မိုးညို က တံခါးဖွင့်ပြီး မေးကာရှိသေး မိုးတူ ဆွဲခေါ်ရာ ပါလာတော့သည် မိုးတူက မင်းခေတ်ရဲ့တပည့်လူယုံဖြစ်တာမို့ မိုးညို ကို သိနေသည့်အပြင် မိုးညို ဘယ်မှာ တည်းတာထိသိနေသည်'
"မြို့အုပ်မင်း အသက်အန္တရာယ် ရှိနေပြီ"
"ဘာ!!!အာ့ဆို ခဏ ကားသော့နဲ့ဆေးအိတ် ယူအုံးမယ်"
'မိုးညိုက သူ့ကားသော့နဲ့ဆေးအိတ်ကို အခန်းထဲ အမြန်ဝင်ယူလိုက်သည်'
"ဆရာ့ ကားထားခဲ့မယ် ခင်ဗျား သော့ပေး"
"နို့ မင်းက စီးတတ်လို့လား"
"စီးတတ်လို့ မြို့အုပ်မင်း ကားက ခင်ဗျားရှေ့ရောက်နေတာလေ တက်စမ်းပါ အရေးကြီးပါတယ်ဆို"
"ဟာ ဟေ့လူ မင်း ပြန်ပေးဆွဲနေတာတော့ မဟုတ်ပါဘူးနော်"
'မိုးတူက ဒေါက်တာ ကို့ ကားတံခါးဖွင့်ပြီး တွန်းထည့်လိုက်လို့ ပြောနေခြင်းဖြစ်သည်'