Part 52
3.1K 240 17
"ကိုမောင်!"
"ထွေး  ခုမှ ကိုယ့်ဆီရောက်လာတယ် ဘာလို့လဲနှမရယ်"
"ထွေးလာချင်ပေမယ့် မာမီတို့က မကြည်လို့ပါ မောင်ရယ်"
"ဟုတ်ပါပြီ ထိုင်အုံး အိမ်မှာ ကိုယ်တစ်ယောက်ပဲရှိတာ ထွေးအတွက် စားစရာပြင်ပေးမယ်"
"ဟုတ်ကဲ့"
*အဟက် မောင့်ကို ငါပိုင်ရပြီ ငါ့ဆန္ဒတွေပြည့်ဝပြီ ရေကြည်စမ်း နင်က အသုံးမလိုတဲ့ အမှိုက်ပဲ*
"ရပြီနှမ ကိတ်နဲ့ဖျော်ရည် သောက်အုံး နို့ဒါနဲ့ မောင်သီကနေ ပေးခိုင်းလိုက်တဲ့ စားစရာတွေ နှမ ရ ရဲ့လား"
"ရတယ် မောင် ထွေး တစ်ယောက်ပဲစားတာ အစ်မတို့ထိမကျွေးပါဘူး ဘာလို့ဆို မောင့်ဆီကအရာမှန်သမျှ ထွေး တစ်ယောက်ပဲ ပိုင်ချင်တာမို့လေ"
"ကိုယ့်ဆီက အရာမှန်သမျှ ထွေး အပိုင်ပါကွာ"
'မင်းခေတ်က နုထွေးခေါင်းကို ပုတ်ကာ ဟန်ဆောင်ပြုံးပြုံးနေတော့သည်'
*မင်း အဲ့လိုလောဘတက်လေ ငါ့အတွက်ကောင်းလေးပဲ မင်းရဲ့အသိစိတ်တွေ လွတ်ဖို့မလိုတော့ပါဘူး*
"သြော် နုထွေးရောက်နေတာလား"
"နို့ ဒေါက်တာမိုးညိုတို့ လင်မယားပဲ လာထိုင်ကြပါအုံး "
"ကိုကို မနုထွေးကို အမြင်အားတိုးတဲ့ဆေးတိုက်လိုက်ပါအုံး ကျုပ်ကို ယောက်ျားလို့မမြင်နေလို့လေ"
"Sorry မိုးတူ အစ်မက အပြောလော သွားလို့ပါ အယ် မောင်လေးက ဗိုလ် စကား မတတ်ဘူးနော် အစ်မမေ့သွားတယ်"
"ရပါတယ် အစ်မရယ် ကျုပ်မတတ်ပေမယ့် ကျုပ်ယောက်ျားက တတ်တယ်လေ အစ်မသာ စာတွေ မမေ့စေနဲ့နော် သင်ပြပေးမယ့် ယောက်ျားက မရှိဘူးလေ"
"ဟင်းး ဟင်းးမောင်လေးက မသိဘူးထင်တယ် အစ်မက ကိုမောင်နဲ့ လက်ထပ်တော့မှာလေ"
'နုထွေးက သူ့ဘေးက မင်းခေတ်လက်ကို ဖက်ကာ ဟန်ဆောင်ရယ်ကာ ပြောလိုက်သည်'
"Congratulation နှမ "
"ရပါတယ် ဒေါက်တာရယ် ထွေးကလည်း ဒေါက်တာတို့တုန်းက ဂုဏ်မပြုလိုက်ရဘူး ထွေးသူငယ်ချင်းက အသဲကွဲနေလို့လေ"