"မိုးသူ မိုးသူ"
"ရှင် အဘ အယ် မြို့အုပ်မင်း မိဘတွေရောပါလား ဘာအရေးကြီးလို့လဲဟင်"
"နင့်မောင်က ယောက်ျားလာတောင်းခိုင်းထားတာဆို ဘယ်မလဲ အမွှေစိန်က"
"အဘ မြေးက ဇူဇကာပုဏ္ဏားဖြစ်နေတယ်"
"ဟမ် ဘာဖြစ်တာလဲ"
"အစားပြိုင်ပွဲ ပထမရလာပြီး စားပိုးနင့် နေတယ် အဘရေး"
'မိုးသူ စကားကြောင့် ဒေါ်မြနွယ်တို့ သုံးယောက် ပြုံးစိစိဖြစ်သွားတော့သည်'"လျက်ဆား မလျက်ဘူးလား အခု ဘယ်မလဲ "
"အိပ်ယာထဲမှာ ဒေါ်ဒေါ်နဲ့ ဦးဦး တို့ လာကြရှင့် အားနာလိုက်တာ"
'မိုးသူက လူကြီးသုံးယောက်ကို အိမ်ထဲ ရိုသေစွာ ခေါ်သွားသည်'"ရတယ် သမီး ဦး တို့ကလည်း မိုးညို အတင်းခေါ်လို့ ရောက်လာရတာ"
"ဟုတ်ကဲ့ရှင့်!"
"တူတူ သက်သာလား!"
"အဘလာခေါ်တာလား ကျုပ်သေခါနီးမို့ အဘကိုမြင်နေရတာလား"
"ဘာ ခွေးလေး ကျုပ်က သေပြီးသားမို့လား"
"မဟုတ်ပါဘူး အဘရယ် အဘက ဘုန်းကြီးကျောင်းရှိမယ်ထင်လို့ပါ အဟင့် ရင်ထဲ နေရခတ်တယ်"
'ရိပ်က အိပ်လျက်လေး သူ့ဘေးက အဘ လက်ကို ကိုင်ကာ ချွဲနေတော့သည် ဒေါ်မြနွယ်တို့ကလည်း ရိပ် နဲ့ အဘကို ကြည့်ကာ ရယ်နေကြတော့သည်'"ယောက်ျားယူချင်စိတ်ကပဲရှိနေတာလေ ကိုယ့်ကျန်းမာရေး ဂရုမစိုက်ဘူး မိုးသူကလည်း အကြီးဖြစ်ပြီး ဆိုဆုံးမမယ်မရှိဘူး"
"နို့ အဘရယ် ဒင်းလေးကိုယ်တိုင်က ယောက်ျားကို ငမ်းငမ်းတက်လိုချင်နေမှတော့ ကျုပ်က တားရပါအုံးမလား"
"အဲ့ဒါတော့ ဟုတ်တယ် ဦးလေးရယ် ကျုပ်သားကလည်း ထိန်းမရပါဘူး"
'မိုးသူစကားကို ဦးဝဏ္ဏက ထောက်ခံပေးလိုက်ပြီး မိုးသူကိုလည်း စာနာသလို ကြည့်ပေးလိုက်သည်'"နေရခတ်တယ် အန်လည်း အန်ချင်တယ် မမ သံပုရာရည်လေး ဖျော်တိုက်ပါလား"
"တူတူ နင့်ဗိုက်ထဲ အစားစုံနေတာလေ သံပုရာရည်သောက်လိုက်မှ ဝမ်းလျှောနေမှ"
YOU ARE READING
RomanceStart Date-1/12/2021 End Date-4/4/2022 Rebirthလေးပါ 1900ခေတ်ပိုင်းကို စိတ်ကူးယဉ်ရေးဖွဲ့ထားတာပါ နေရာဒေသ အသုံးအဆောင် အသုံးအနှုန်းများသည် ယဉ်လေးရဲ့စိတ်ကူးယဉ်များသာဖြစ်သည် နာမည်ပေးထားတာ တူနေသူများရှိပါက လာရောက်ပြောပေးကြပါ လိုအပ်ချက်များရှိပါက သည်းခံဖတ်ပေ...