Part 39
2.6K 265 69
"ကလေးလေး!"
"ရှင် ဦး ကြာနေပြီ ကိုကိုကြီး ပြန်လာတော့မှာ"
"ရေကြည် စောင့်ပေးနေပါတယ် ပြီးတော့ ဦး ကလေးကို ဝန်ခံစရာ ရှိတယ်"
"ဘာကိုလဲ  ဦးရဲ့ "
"ကိုယ် ကလေးကို ဖုံးကွယ်ထားမိတာကို ပြောပြပါ့မယ် အခုမပြောရရင် ကိုယ် စိတ်မဖြောင့်ဘူး"
"ဘာ ဦးမှာ မယားနဲ့သား ရှိနေတာလား ဘာလို့ ကလေးကို ဖုံးကွယ်ထားခဲ့တာလဲ ဘယ်လောက်ထိ လိမ်လာတာလဲ"
'နှင်းက ရတု ရင်ခွင်ထဲကနေ ထွက်ကာ မျက်ရည်ဝိုင်းပြီးပြောနေတော့သည်'
"ဟာ ကလေး ဘာတွေပြောနေတာလဲ ကိုယ်မှ ကလေးကို ချစ်မဝတာ ဘယ်က မယားနဲ့သားက ရှိမှာလဲ"
"နို့ သိဘူးလေ ဦး ပဲ စိတ်မဖြောင့်ဘူးဆိုလို့ လေ"
"ဦးက ဆရာ အလုပ်ကနေထွက်လိုက်ပြီး နိုင်ငံရေးလုပ်နေတာ နယ်ချဲ့တွေနဲ့လက်ပါးစေတွေကို တော်လှန်နေတာ ရေပခမ်းက ဗိုလ်ရတု ဆိုတာ ဦးပါ"
"ဟင် ဦးရယ် ကလေး ငိုချင်လိုက်တာ ဦးနဲ့ကလေး ပေါင်းစပ်လို့မရတော့ဘူးး အဟင့် ဟင့်"
"ဘာလို့လဲ ကလေးက နယ်ချဲ့လက်ပါးစေလုပ်နေလို့လားး အားးလားးးကလေး နားရွက်ကို လွှတ်!"
'နှင်း က ငိုနေရာကနေ ရတု စကားကြားပြီး နားရွက်ကို ဆွဲလိမ်ထားလိုက်သည်'
"နှင်းက ဘာလို့ နယ်ချဲ့လက်ပါးစေ ဖြစ်ရမှာလဲ ကိုကိုကြီးက တော်လှန်ရေးသမားတွေကို ဖမ်းမယ့် မြို့အုပ်မင်းလေ ကလေးနဲ့ဦး ကို သဘော မတူလောက်ဘူးး"
"အဲ့ဒါတော့ မပူနဲ့ မြို့အုပ်မင်းက လုံးဝ သဘောတူမှာ သူ့ယောက်ျားကပါ တော်လှန်ရေးခေါင်းဆောင် မို့လေ"
"ဘယ်လို ကိုကိုက တော်လှန်ရေး ခေါင်းဆောင်"
"ဟုတ်တယ် အခု နာမည်ကြီးနေတဲ့ သွေးသစ္စာအဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်ပုလဲ ဆိုတာ ရေကြည် ပဲ"
"Oh My God!!! ကိုကိုက လုံးဝအမိုက်စားးပဲ နှင်းက လေးစားအားကျနေတာ နို့ ဒါနဲ့ ကိုကိုကြီး က သိရဲ့လား"
'နှင်းက လက်ဖဝါးနဲ့ ပါးစပ်ကို အုပ်ကာ လုံးဝအံ့သြသွားတော့သည်'