"ရားးးခွေးစုတ် အိမ်အထိ လိုက်ကိုက်တယ် ရုပ်က သခင်ရုပ်နဲ့"
'မင်းခေတ် ခြံတံခါးကို အမြန်ပိတ်ကာ ခွေးကို ပြောလိုက်သည် '"ဟူးးးးဟုတ်တယ် အမူးတောင်ပြေတယ် "
"မြို့အုပ်မင်းး ဒေါက်တာ ဘယ်လိုဖြစ်လာကြတာလဲ"
'မောင်သီက ညဘက် ခြံစောင့်နေရင်း အိမ်ထဲ လူနှစ်ယောက်ပြေးဝင်လာလို့ ကြည့်မိမှ မြို့အုပ်မင်းတို့ဖြစ်နေမှန်းသိလိုက်ရသည်'"အဟမ်း ဘာမှ မဖြစ်ဘူးး"×2
'နှစ်ယောက်သား မောင်သီကို မြင်တော့ အရှက်ပြေချောင်းဟန့်ကာ စလွယ်ဆိုင်းနေတဲ့ ပုဆိုးကို ပြင်ဝတ်လိုက်ကြသည်'"ဒီည ကျုပ်တော့ ဒီဆီပဲ အိပ်ရတော့မယ်"
"တိုးတိုးပြော မာမီတို့နိုးသွားလိမ့်မယ် ကျစ် ငါဘယ်လိုများ ရူးမိုက်မိတာလဲ ရှက်လိုက်တာ"
'မင်းခေတ်က ဧည့်ခန်းခုံပေါ် ဖြစ်သလိုထိုင်ချကာ စိတ်ပျက်နေတော့သည်'"ကျုပ်နှဖူးကို ကြည့်စမ်းပါ ပေါက်သွားပြီလား"
'မိုးညိုက မင်းခေတ်ရှေ့ သူ့နှဖူးကို ကြည့်ခိုင်းနေသည်'"ဘု ထ နေတယ် ယောက္ခမကြီးလက်သံက ပြောင်လိုက်တာ"
"ယောက္ခထီးပါကွာ "
"အေး အဲ့အထီးပေါ့ ကိုယ့်သားမတ်ကို ခွေးရှူးတိုက်လွှတ်ရတယ်လို့ ပုဒ်မတပ်ပြီး အပြစ်ပေးရအုံးမယ်"
"ခွေးရှူးတိုက်တဲ့ပုဒ်မ က ရှိတယ်လား ကြား မကြားဖူးဘူး"
"ဒီချိန်မှာ ကျုပ်က မြို့အုပ်မင်း ရှိတယ်ဆို ရှိလိုက်ပေါ့ ကျုပ်ယောက်ျား မျက်နှာကြောင့် ဒီတစ်ခါ ခွှင့်လွှတ်လိုက်မယ် "
"မင်းက ခွင့်မလွှတ်လို့ ထောင်များချချင်နေတာလား"
"ချသင့် ချရမယ် "
"အေးအေး ယောက္ခမကို သားမတ်မှထောင်ချခြင်းဆိုတဲ့ သတင်းစာကြီးထွက်လာမှ မိုးညိုရေးး စမ်းက ကျုပ်ကို မုန်းသွားပြီ လာ မလုပ်နဲ့ ဆောင့်ကန်ပေးလိုက်မှာ"
"နားငြီးတယ် ကျုပ် အိပ်ပြီ"
'မင်းခေတ် ခုံမှ မရွေ့နိုင်တော့ပဲ ခုံရှည်ပေါ်မှာပဲ လှဲကာ အိပ်လိုက်တော့သည်'
YOU ARE READING
RomanceStart Date-1/12/2021 End Date-4/4/2022 Rebirthလေးပါ 1900ခေတ်ပိုင်းကို စိတ်ကူးယဉ်ရေးဖွဲ့ထားတာပါ နေရာဒေသ အသုံးအဆောင် အသုံးအနှုန်းများသည် ယဉ်လေးရဲ့စိတ်ကူးယဉ်များသာဖြစ်သည် နာမည်ပေးထားတာ တူနေသူများရှိပါက လာရောက်ပြောပေးကြပါ လိုအပ်ချက်များရှိပါက သည်းခံဖတ်ပေ...