Chapter : 11

8.4K 672 1
                                    

Unicode

အခန်း ၁၁- ထောက်ခံသူရှိခြင်း၏ခံစားချက်

စုန့်ဟွေ့က သူတို့နောက်မှာ ရူးသွပ်စွာ ခုန်ပေါက်နေပေမယ့် တုရှင်းက သူမကို ရပ်စေလိုက်ပြီး "ဒီအချိန်က မင်းကိုယ့်ကိုယ် ကျော်ကြားအောင်လုပ်ရမယ့်အချိန်မလား။ တိတ်တိတ်နေစမ်း!"

စုန့်ဟွေ့က မကျေမနပ် နှုတ်ခမ်းစူပြီး "အမေ၊သမီး လက်မခံဘူး။စုန့်ဝေဟာ စီးပွားရေးလက်ထပ်မှုအတွက် ယဇ်ပူဇော်တဲ့ သိုးငယ်ဖြစ်ကြောင်း အားလုံးက ပြောကြသည်မဟုတ်လား။ ကျန်းမင်ရှုက ချမ်းသာပေမယ့် သူ့စရိုက်က အရမ်းရိုင်းစိုင်းတယ်လို့ အမေပြောတာမဟုတ်ဘူးလား။ ကျန်းမင်ရှုက စုန့်ဝေ ကို ဘယ်တော့မှ ကောင်းကောင်းမဆက်ဆံမှာမဟုတ်ဖူးလို့ အမေပြောခဲ့တာမဟုတ်ဘူးလား။ အဆုံးကျ ဘာဖြစ်သွားလဲ!"

သို့သော် တုရှင်းသည် သူမအား ပါးစပ်ပိတ်ဖို့သာပြောရန် အေးစက်သောအကြည့်ကိုသာ ပေးခဲ့သည်။ "ကျန်းမင်ရှုက ခန့်မှန်းရခက်တဲ့သူတစ်ယောက်ပါ။ အခုလောလောဆယ်တော့ လင်မယားနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကို ပြသချင်တာပါ။ ဒါပဲ။"

အခြားတစ်ဖက်တွင်၊ ဗီလာရှိထမင်းစားခန်းတွင်...

စုန့်ချီတယ်သည် ကျန်းမင်ရှုကစုန့်ဝေနှင့် လိုက်ပါလာပြီး ရောက်ရှိလာသည်ကို သိလိုက်ရသည့်အတွက် အရမ်းဝမ်းသာသွားခဲ့သည်။ စုန့်ဝေကို 'ကျေးဇူးမသိတတ်ခြင်း' 'သမီးမိုက်'လို့ သူကြိမ်းမောင်းခဲ့သော ထိုစကားများသည် လေထုထဲတွင် ပျောက်ကွယ်သွားသလိုပင်။

သူက ကျန်းမင်ရှုအား "မင်ရှု၊ မင်းကဝေဝေထက် ပိုတော်တယ်။ အသေးအမွှားကိစ္စကြောင့် အိမ်မှာ ဒုက္ခရောက်နေပြီလေ။ မင်းသူ့ကိုပြန်မခေါ်ခဲ့ရင် ဘယ်အချိန်ပြန်ပေးမယ်ဆိုတာ ငါတကယ်မသိဘူး"

ကျန်းမင်ရှုသည် အေးဆေးတည်ငြိမ်သော အမူအရာဖြင့် သူ့ရှေ့က စတိခ်ကို အေးအေးဆေးဆေး စားသည်။ "ပေးရမယ်? သူမဘာကို ပေးရမှာလဲ"

စုန့်ချီတယ်၏ အမူအရာသည် ခဏမျှ အေးခဲသွားသည်။ "မင်း... ဝေဝေငါ့ကိုတောင်းပန်ဖို့ ခေါ်လာတာမဟုတ်ဘူးလား"

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Where stories live. Discover now