Chapter : 79

4.3K 393 3
                                    

Zawgyi

အခန်း ၇၉ - ဘယ်လိုပဲဖြစ်ဖြစ် နင်ဘာလို့ မလုပ်နိုင်တာလဲ

ထိုအချိန်တွင် စုန့်‌ဝေသည် လက်ခုပ်တီးကာ လှောင်ပြောင်သော အပြုံးဖြင့် လျှောက်လာခဲ့သည်။ "အင်း ဒီလို စိတ်လှုပ်ရှားစရာ ရှိုးပွဲ မကြည့်ရတာ ကြာပြီ။ ဒါရိုက်တာလင်းက ကြီးကျယ်ခမ်းနားတဲ့ လက်ရာတွေကို မထုတ်နိုင်ပေမယ့် သူ့မှာ တော်တော်သြဇာလွှမ်းမိုးနိုင်တဲ့ စိတ်ရှိတယ်။"

လင်းရွှမ်းရွှမ်း လှည့်ကြည့်လိုက်ပြီး စုန့်ဝေကို ကြိုဆိုတဲ့အပြုံး ပြုံးပြလိုက်သည်။ သို့သော်လည်း သူမ၏အကြည့်များက စူးရှလွန်းသဖြင့် စုန့်ဝေကို အပိုင်းပိုင်း ပိုင်းဖြတ်သွားနိုင်သည်။

သူမက "ဝေဝေ နင်လာမယ်လို့ ငါတကယ်မမျှော်လင့်ထားဘူး။ နင်က PARADISESကို စွန့်လွှတ်ပြီး မစ္စစ်ကျန်းဖြစ်ဖို့အတွက်ပဲ အာရုံစိုက်နေတယ်လို့ ငါထင်ခဲ့တာ။ ဒီလိုမှမဟုတ်ရင် အမှတ်တံဆိပ်ရဲ့imageကို ဂရုမစိုက်ဘဲ ပရဟိတပွဲမှာ အဲဒီလို ရုန်းရင်းဆန်ခတ်လုပ်မှာ မဟုတ်ဘူး။"

စုန့်ဝေက ပြုံးနေသေးသည်။ သူမသည် သက်ရှိသတ္တဝါအားလုံးကို အပေါ်စီးကနေ မတူမတန်ဟန်ပုံဖြင့် ကြည့်ရန် ထိုနေရာတွင်သာ ရပ်နေခဲ့သည်။ သူမမျက်လုံးထဲမှာ လင်းရွှမ်းရွှမ်းအတွက် မထီမဲ့မြင်ပြုများဖြင့် ပြည့်နေသည်။ "PARADISESရဲ့imageကို ငါ ဂရုမစိုက်တာ မဟုတ်ဘူး။ နင့်ရဲ့imageကို ငါဂရုမစိုက်တာ"

"..."

"နင့်ရဲ့အရှုပ်တော်ပုံကြောင့် PARADISESကို ဘယ်သူမှ မုန်းမှာ မဟုတ်ဘူး... 'စုန့်ဝေ'ဟာ PARADISESရဲ့ဝိညာဉ်မို့လို့။"

စုန့်ဝေ ပြောသောအခါတွင် သူမ၏လေသံသည် နှေးပြီး နူးညံ့သည်။

သူမ၏စကားများသည် အလွန်မာနထောင်လွှားပြီး မာနကြီးလွန်းသည်မှာ သံသယဖြစ်စရာမရှိသော်လည်း သူမသည် အဖြစ်မှန်များကို ဖော်ပြရုံသာဖြစ်သည်။

လင်းရွှမ်းရွှမ်းသည် PARADISES၏ဒီဇိုင်းဒါရိုက်တာအဖြစ် ရာထူးရယူပြီးနောက် ခြောက်လအကြာတွင် ရေပန်းစားလာခဲ့တာတွေက စုန့်ဝေချန်ထားခဲ့သော ဒီဇိုင်းများပင် ဖြစ်သည်။ လင်းရွှမ်းရွှမ်းသည် ထုတ်ကုန်များကို သူမ၏ကိုယ်ပိုင်နာမည်ဖြင့် တံဆိပ်တုံးထုထားသော်လည်း သူမသည် စုန့်ဝေကို အတုယူနေသည်ဟု လူတိုင်းက ထင်ကြမည်ဖြစ်သည်။ သို့သော် ဒီအတုအယောင်မျိုးသည် စိတ်ရင်းမရှိသောကြောင့် PARADISESတွင် လင်းရွှမ်းရွှမ်းဟုခေါ်သော ထိုကဲ့သို့သောလူရှိနေသည်ကို လူအများက မေ့လျော့သွားကြသည်။

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Where stories live. Discover now