Chapter : 31

5.3K 514 6
                                    

Zawgyi

အခန်း ၃၁ - ငါနဲ့အိပ်

မွေးနေ့ပွဲကို လာလည်တဲ့ ဧည့်သည်တွေအားလုံးက ကွဲပြားတဲ့ အမူအရာတွေ ရှိတယ်။

စုန့်ဝေ ထွက်ခွာခါနီးတွင် ယန်စီနီက အနည်းငယ် တောင်းပန်စကားဆိုခဲ့သည် "မဒမ်ကျန်း တောင်းပန်ပါတယ်။ ငါ မင်းကို ကောင်းကောင်း ဂရုမစိုက်လိုက်ရဘူး ငါ့ကိုယ်ငါတောင် အရူးလုပ်မိခဲ့တယ်"

စုန့်ဝေ ယန်စီနီ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ "ဟာသလို့ မထင်ပါဘူး။ စီနီ နင် မကောင်းတဲ့ဆက်ဆံရေးတစ်ခုကို အချိန်တန်ရင် ဖြတ်ပစ်ဖို့ ဆုံးဖြတ်ချက် ချသင့်တယ်။"

ယန်စီနီက ခဏလောက် တွေးနေပေမယ့် အဆုံးမှာတော့ ခါးသီးစွာ ရယ်မောလိုက်တယ်။ "ငါလည်း အဲ့လို စဉ်းစားဖူးပေမယ့် မလုပ်နိုင်ဘူး..."

"လျိုတုံနန် ဘာပြောပြော နားမထောင်နဲ့။ နင်စိတ်ငြိမ်သွားတဲ့အခါ သူဘာမှမဟုတ်ဘူးဆိုတာ နင်သိလာလိမ့်မယ်။" စုန့်ဝေ၏ မျက်လုံးများသည် ရွံရှာမှုများ ဖုံးလွှမ်းသွားသည်။

လျိုတုံနန် သည် အနုပညာလူငယ်တစ်ဦးဖြစ်ပြီး ရုပ်ရှင်တွေရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်သည်ဟု အမြဲ ပြောခဲ့သည်။ သို့သော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက်တွင် သူသည် ဇာတ်ကားတစ်ကားကို တစ်ခါမျှ မရိုက်ကူးခဲ့ပေ။ အခြားတစ်ဖက်တွင် သူသည် အသုံးမဝင်သောဆုများစွာကို ရရှိခဲ့သည်။

ဖျော်ဖြေရေးနယ်ပယ်မှာ သူအရမ်းနာမည်ကြီးလာရတဲ့ အကြောင်းအရင်းတစ်ခုလုံးက သူ့မိသားစုရဲ့ အင်အားက သူ့ကို ထီးဆောင်းပေးထားတာကြောင့်ပဲ။ အားကိုးစရာအတွက် လျိုမိသားစုသာ မရှိရင် သူ့လို သာယာမှုနောက်လိုက်တဲ့ သားတစ်ယောက်က ဘာမှမဟုတ်ဘူး။

သို့သော် သူသည် PUAပုံစံဖြင့် ယန်စီနီနှင့် အချိန်အများစုကို ကုန်ဆုံးခဲ့ပြီး သူမ၏ ကိုယ့်ကိုယ်ကို လေးစားမှုနှင့် ယုံကြည်မှုကို ပျက်ပြားလုနီးပါး ဖြစ်စေခဲ့သည်။ ဒါကြောင့် ယန်စီနီက ဒီအချိန်မှာ ကွာရှင်းဖို့ ဆန္ဒမရှိခဲ့ဘူး။(T/N-PUAကsex partnerလို့ပဲသဘောထားတာကိုပြောတာပါ)

စုန့်ဝေ သက်ပြင်းချလိုက်သည်။ နောက်ထပ်ဒုက္ခပြဿနာတစ်ခုရှိခဲ့သည်။

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Wo Geschichten leben. Entdecke jetzt