Chapter : 80

4.7K 413 0
                                    

Zawgyi

အခန်း ၈၀- နင်သူ့ကို ကောင်းကောင်းမသိသေးဖူး

လင်ရွှမ်းရွှမ်း၏သနားစရာကောင်းသော အခြေအနေကို ကြည့်ပြီး အစောပိုင်းက အနိုင်ကျင့်ခံခဲ့ရသော ဝန်ထမ်းများအားလုံး နှစ်ထောင်းအားရဖြစ်သော ရယ်မောသံများ ထွက်လာကြသည်။

လင်ရွှမ်းရွှမ်းသည် သူမ၏တည်ငြိမ်မှု အပြည့်အဝ ဆုံးရှုံးသွားပြီး "ဘယ်သူ ရယ်ဝံ့လဲ ကြည့်ရအောင်။ မင်းတို့ပစ္စည်းတွေကို သိမ်းပြီး ချက်ခြင်းထွက်သွားကြ!"

စုန့်ဝေသည် လင်ရွှမ်းရွှမ်းကို အေးစက်စွာ ကြည့်နေရုံဖြင့် သူမ၏နှုတ်ခမ်းများသည် စာနာစိတ်ကင်းသော အပြုံးဖြစ် ကော့တက်သွားသည်။ "နင့်ရဲ့အခြေအနေကို ကောင်းကောင်းနားမလည်သေးပုံပဲ... ရန်ကျိရှင်းက နင့်ကို တကယ်ချစ်တယ်လို့ နင်ထင်နေတာလား"

"..." လင်ရွှမ်းရွှမ်းသည် ခေါင်းကို လှည့်ကာ မုန်းတီးမှု အပြည့်ဖြင့် စုန့်ဝေကို ကြည့်လိုက်သည်။ "ဟုတ်တယ်! ငါတို့တွဲနေတာက နင်ထင်ထားတာထက် အများကြီး ပိုစောတယ်။ နင့်ရဲ့မျိုးရိုးအမည်ကစုန့်မဟုတ်ရင် သူက သူ့နှလုံးသားကို ဆန့်ကျင်ပြီး နင်နဲ့တွဲမှာမဟုတ်ဘူး။ သူက နင့်ကို လှည့်စားခဲ့တာ မဟုတ်ဘူး။ တချိန်လုံး သူချစ်ရတဲ့သူက ငါပဲလေ!"

လင်ရွှမ်းရွှမ်းက ဒါကို ကြေငြာလိုက်တဲ့အခါ သူမဟာ ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ပေးလိုက်မိပြီလို့ သူမ တကယ်ပဲ ထင်မိသည်။

စုန့်ဝေသည် အမြဲတမ်း အရမ်းမာနကြီးပြီး ရန်ကျိရှင်းကို အရမ်းချစ်သည်။ သူမကို လှည့်စားကြောင်း သိပြီးနောက် ပြတ်ပြတ်သားသား အဆက်အသွယ်ဖြတ်နိုင်ခဲ့ရင်တောင် ရန်ကျိရှင်းက သူမကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးဆိုတာကို သိလိုက်ရတဲ့ ဝမ်းနည်းမှုဟာ လှည့်စားခြင်းနဲ့ ယှဉ်လို့မရဘူး။

သို့သော် စုန့်ဝေက သူမ၏အတိတ်ဘဝတွင် ဒီစကားများကို ကြားဖူးလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

သူမနှလုံးသားက အရင်က တစ်ခါသေဖူးပြီးပြီ။ အခု ထပ်မံကြားသိရတော့ သူမ၏နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားစရာ မရှိ။ သူမ လင်ရွှမ်းရွှမ်းကိုတောင် နည်းနည်းလေး သနားသွားတယ်။

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Opowieści tętniące życiem. Odkryj je teraz