Chapter : 38

4.9K 445 5
                                    

Zawgyi

အခန်း ၃၈- ရှင့်ရဲ့နှစ်သက်မှုကပဲ ထူးခြားနေတာလား။

လျိုလီရှကို တည့်တည့်ထိခဲ့ပြီး စုန့်ဝေကိုလည်း စင်သွားသည်။ ပိုဆိုးတာက စားပွဲပေါ်က ဒီဇိုင်းပုံကြမ်းတွေ အားလုံး စိုကုန်သည်။

သို့သော် ထိုအမျိုးသမီးသည် ထိုကိစ္စကို မရပ်သေးပေ။ သူမသည် အပြေးလွှားလာကာ ချုပ်ပြီး လျိုလီရှ၏မျက်နှာကို ပါးရိုက်ချင်သေးသည်။ "မြေခွေးမ! နင်က အရှက်မရှိဖူးပဲ! နင်က မိန်းမရှိတဲ့ယောက်ျားကို သွေးဆောင်ခဲ့တာ။ နင့်မှာ အရှက်တစ်စက်မှမရှိဘူး!!"

လျိုလီရှသည် ထိုအမျိုးသမီး၏ချုပ်ကိုင်မှုမှ လွတ်မြောက်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူမတွင် သန်မာသောခွန်အားမရှိသောကြောင့် သူမ မလုပ်ဆောင်နိုင်ခဲ့ပေ။ သူမသည် မတုန်မလှုပ်နဲ့ ရိုက်နှက်ခံရုံသာ တတ်နိုင်သည်။ "မဒမ်ရှောင် တည့်ပဲပြောမယ်။ ကျွန်မက လက်ဝတ်ရတနာဒီဇိုင်နာတစ်ယောက်သာ ဖြစ်ပါတယ်။ ရှင့်ခင်ပွန်းကို လက်ဆောင်ပေးမဲ့လက်ဝတ်ရတနာတွေကို ဒီဇိုင်းဆွဲဖို့ ကျွန်မကူညီပေးတယ်။ ကျွန်မက ရှင်ပြောနေတဲ့ အငယ်‌နှောင်း မဟုတ်ဘူး!"

"ဖာကတော့ သူ့ကိုယ်သူ ဖာလို့ ဘယ်သူက ဝန်ခံမှာလဲ" မဒမ်ရှောင်က သူမပြောသမျှကို လုံးဝလျစ်လျူရှုထားပြီး သူမခေါင်းဖိထားကာ ရိုက်ဖို့ အသင့်ဖြစ်နေပြီ။

စုန့်ဝေသည် ရန်ပွဲကိုတားချင်သော်လည်း MMAကို သူမ သိကြောင်း မဖော်ပြနိုင်သောကြောင့် သူမတတ်နိုင်သလောက်သာ ဆွဲနိုင်ခဲ့သည်။ "မဒမ်ရှောင် အစ်မလီရှက တကယ်ကို အငယ်နှောင်းမဟုတ်ပါဖူး။ အခုပဲ ဒီရာသီရဲ့ထုတ်ကုန်အသစ်တွေအကြောင်း ပြောနေတာပါ။ စိတ်အေးအေးထားပါ!"

"Bullsh*t! နင်လည်း ကြံရာပါဘဲ!" မဒမ်‌ရှောင်က စုန့်ဝေရဲ့ဆံပင်ကို လှမ်းဆွဲရင်း ပြောလိုက်သည်။

ချက်ခြင်းပင် စုန့်ဝေသည် စိတ်ထဲတွင် တုန်လှုပ်သွားသည်။ ဒီဆံပင်တုကို ပြုတ်သွားရင် သူမရဲ့ အထောက်အထားကို ချက်ချင်း ဖော်ထုတ်နိုင်လိမ့်မယ်။

ထိုအချိန်တွင် လုံခြုံရေးအစောင့်တစ်ဖွဲ့သည် တံခါးအပြင်ဘက်မှ ပြေးဝင်လာသည်။ "မင်းလူတွေ ဘာလုပ်နေကြတာလဲ။ ကျွန်တော်တို့ဟိုတယ်က ဧည့်သည်များကို ဒုက္ခမပေးစေရန် တားမြစ်ထားတယ်။ မင်းဒီလိုဆက်လုပ်နေရင် ရဲကိုဖုန်းဆက်လိုက်မယ်"

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)حيث تعيش القصص. اكتشف الآن