Chapter : 84

4.5K 391 6
                                    

Zawgyi

အခန်း ၈၄- သူမ၏လက်ဆောင်က...

သို့သော် စုန့်ဝေသည် ဒီတစ်ကြိမ်တွင် ပြင်ဆင်ခဲ့သည်။ သူမသည် ချက်ချင်းဆိုသလိုပင် သူမ၏အိပ်ကပ်ထဲမှ လှပစွာ ထုပ်ပိုးထားသော လက်ဆောင်သေတ္တာကိုထုတ်ကာ သူမနှင့် ကျန်းမင်ရှုကြားတွင် ထားလိုက်သည်။

"အရမ်းနောက်ကျနေပြီ။ ကျွန်မ ရှင်နဲ့ မကစားတော့ဘူး။ ဒါပေမယ့် ရှင့်ကို လျော်ကြေးပေးဖို့ လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်" စုန့်ဝေက အန္တရာယ်မပြုဟန် ပြုံးလိုက်သည်။

ဟာသပဲ။ သူမ မနက်ဖြန် အလုပ်သွားရဦးမှာ။ သူမနှင့် ကျန်းမင်ရှုကြား တစ်ခုခုဖြစ်ခဲ့တိုင်း သူမသည် တစ်ညလုံးနီးပါး အိပ်ရေးပျက်နေခဲ့ရသည်။

ချောမောတဲ့လူကို အလိုလိုက်တာ ကောင်းပေမယ့် ဘဝကလဲ အရေးကြီးတယ်။

ကျင်းမင်ရှု၏မျက်လုံးများသည် မကျေနပ်မှုအရိပ်အယောင်ကို ရှင်းရှင်းလင်းလင်း ပြထားသော်လည်း သူငြိမ်သွားကာ လက်ဆောင်သေတ္တာကို ယူလိုက်သည်။

"ဒါကဘာလဲ?"

စုန့်ဝေက သူ့ကို မျက်တောင်ခတ်ပြလိုက်သည်။ "လျှို့ဝှက်ချက်။ ရှင် အခန်းထဲရောက်ရင် ဖွင့်ကြည့်လိုက်။ ရှင်သေချာပေါက် လိုအပ်လိမ့်မယ်!"

ကျန်းမင်ရှုသည် စုန့်ဝေက သူ့လက်မောင်းအောက်မှ ထွက်ကာ အပေါ်ထပ်ကို လွတ်မြောက်ရန် ပြင်ဆင်ချိန်၌ တုံ့ဆိုင်းနေဆဲဖြစ်သည်။

နောက်ဆုံးတွင် သူမသည် ထပ်ပြောလိုက်သည်။ "အိုး ဟုတ်သား ကျွန်မ ဓာတ်ပုံရွေးပြီးပြီ"

ကျန်းမင်ရှု အံ့အားသင့်သွားသည်။ "ဘယ်တုန်းက ရိုက်လိုက်တာလဲ"

စုန့်ဝေက တခစ်ခစ်ရယ်ပြီး ဖုန်းကို ဝှေ့ယမ်းပြလိုက်တယ်။ "ရှင်ဝင်လာပြီး ရှင့်ရဲ့လည်စည်းကို ဖြေလျှော့ပြီးတော့ ကျွန်မ ရှင့်ရဲ့ဝတ်စုံကို ကိုင်ဖို့ကူညီပေးရင်း ရှင့်ဓာတ်ပုံကို လျှို့ဝှက်ရိုက်ယူခဲ့တာ။ ရှင့်ရဲ့ညှပ်ရိုးအနည်းငယ်ကို ထုတ်ပြလိုက်တာလောက်ပါပဲ။ ဘယ်လောက် sexyကျလဲ"

ကျန်းမင်ရှု၏မျက်နှာပေါ်သို့ ခပ်ရေးရေး မသိသာသော နီကြင်ကြင် အစင်းကြောင်းတစ်ခု နီးမြန်းလာပြီး သူ့သွားများကို ကြိတ်လိုက်သည်။ "စုန့်ဝေ!"

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Opowieści tętniące życiem. Odkryj je teraz