Chapter : 28

5.1K 455 2
                                    

Zawgyi

အခန်း ၂၈- နွေးထွေးပြီး နူးညံ့သော အမျိုးသမီးများ တစ်ယောက်ပြီးတစ်ယောက်

အစည်းအဝေးအပြီးတွင် ရှောင်ရှောင်သည် စုန့်ဝေကို စိုးရိမ်တကြီးကြည့်လိုက်ပြီး "ရှောင်ချောင် နင်ရူးသွားတာလား။ နင့်မှာဘာရန်ပုံငွေမှ မရှိဘူး။ နမူနာတစ်ခုတည်းပဲ ရှိတယ်။ အဲဒါကိုဘယ်လိုကြော်ငြာမလဲ"

သို့သော် စုန့်ဝေယုံကြည်စိတ်ချစွာ ပြုံးပြသည်။ "မကြိုးစားကြည့်ပဲ ဘယ်လိုသိမလဲ။ ငါ ဒီအခွင့်အရေးကို အရယူရမယ်။"

ရှောင်ရှောင်က သူမကို အခြားအရာတစ်ခုခု သတိပေးချင်သော်လည်း သူမစိတ်ပြောင်းသွားပြီး "မေ့လိုက်တော့။ ငါ့အလုပ်ငါ စိတ်ပူသင့်တယ်။ နင့်မှာ မှော်ဆန်တဲ့ တစ်ခုခုရှိတယ်လို့ ခံစားရတယ်။ နင်က ရိုးရိုးရှင်းရှင်းနဲ့ ပုံမှန်ပါပဲ။ ဒါပေမယ့် နင်ကြုံတွေ့ရတာ ဘာပဲဖြစ်ဖြစ် ထိတ်လန့်တုန်လှုပ် သွားတာ မရှိဘူး။ အသားကင်စားသောက်ဆိုင်၌ ထိုအချိန်ကလို ..."

စုန့်ဝေ အများကြီးမပြောခဲ့ဘူး။ သူမသည် နမူနာကိုယူပြီး စက္ကူပေါ်တွင် မူရင်းဒီဇိုင်းကို လျှို့ဝှက်စွာ ပြုပြင်ခဲ့သည်။

သူမသည် မူလက ကျောက်စိမ်းပတ်ပတ်လည်တွင် ပတ်ထားသော နူးညံ့သော စက်လုံးကို ဖယ်ပြီး ကျောက်စိမ်းကို ပွင့်နေတဲ့ စက်လုံးထဲ ထည့်သွင်းလိုက်သည်။ ကျောက်စိမ်းသည် နွယ်ပင်များ၏ ချည်နှောင်မှုမှ လွတ်မြောက်သွားသလို ခံစားမှုပေးသည်။ အဲ့ဒါက ကျောက်စိမ်း၏ အရည်အသွေးကို သန့်ရှင်းကြည်လင်စေသည်။ အနှောင်အဖွဲ့ကင်းကင်းနဲ့ သက်ရှိသတ္တဝါအားလုံးကို ငေးကြည့်နေတဲ့ မျက်လုံးနဲ့ ပိုတူတယ်။

စက်လုံး၏ နူးညံ့သောအကိုင်းအခက်များနှင့် အရွက်များကိုလည်း ထိန်းထားသော်လည်း ဆန့်ကျင်ဘက်အနေနဲ့ကြည့်ရင် ပိုသင့်လျော်ပြီး သဟဇာတရှိသော နောက်ခံဖြစ်လာခဲ့သည်။ အဝေးကကြည့်ရင် ပုံစံသည် ထူးခြားပြီး မျက်လုံးကို ဖမ်းစားနိုင်ကာ အနီးကပ်ကြည့်ရင် အသေးစိတ်အချက်အလက်များကို မြင်နိုင်မှာဖြစ်တယ်။

၎င်းကို ဒီလို ပြောင်းလဲလိုက်ခြင်းဖြင့် Exquisite Eyeကို ထင်ရှားပေါ်လွင်စေမဲ့ အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)حيث تعيش القصص. اكتشف الآن