Chapter : 93

4.2K 346 3
                                    

Zawgyi

အခန်း ၉၃- ပြန်ပေးဆွဲခံရခြင်း

စုန့်ဝေ၏တုံ့ပြန်မှုသည် နှေးကွေးသည်ဟု မယူဆနိုင်။ ထို့အပြင်သူမသည် MMAအခြေခံကို တတ်မြောက်ထားသည်။ သာမာန်လူတစ်ယောက်က သူမကို ကားထဲ လွယ်လွယ်နဲ့ အတင်းအကြပ် တွန်းပို့လို့ မရဘူး။

ကားထဲသို့ရောက်သွားသောအခါ စုန့်ဝေ၏ခေါင်းထဲတွင် ပထမဆုံးပေါ်လာသော အတွေးမှာ... ကျိုးမိသားစုအတွက် အတိုက်အခံများကို အမြစ်ပြတ်ချေမှုန်းခဲ့သည့် ဒဏ္ဍာရီလာ ကြေးစားခေါင်းဆောင်ဖြစ်သည်။

သို့သော် စုန့်ဝေသည် ထိတ်လန့်ခြင်းမရှိပေ။ နောက်ဆုံးတော့ သူမဟာ အရင်က တစ်ခါသေဖူးသူ။ ဒါဟာ သူမအတွက် သေးငယ်တဲ့ အခြေအနေတစ်ခုပဲ။

ထို့နောက် သူမကို လိုက်ပို့နေသော အနက်ရောင်ဝတ်စုံဖြင့် လူကို မေးလိုက်သည် "မစ္စကျိုးက ဘာလို့ ငါ့ကို ခေါ်တာလဲဆိုတာ ပြောသေးလား"

အနက်ရောင်ဝတ်အမျိုးသားက လှည့်မကြည့်ဘဲ "မပြောဘူး" ဟု တည်ငြိမ်စွာသာ ပြောခဲ့သည်။

"တကယ်တမ်းတော့ သူက ငါ့ကိုတွေ့ချင်တယ်ဆိုရင် ဒီလောက်ဒုက္ခတွေ ပေးစရာ မလိုဘူး။ ငါ့ကိုပြောရုံပဲ။ ငါသွားလိုက်မယ်။"

အဲ့လူက စုန့်ဝေလိုလူကို တစ်ခါမှ မမြင်ဖူးဘူး။ သူမသည် ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီးနောက် ပြန်ပေးဆွဲသူနှင့် စကားစမြည်ပြောဆိုနေခဲ့သည်။

ထို့ကြောင့် သူသည် မျက်ခုံးပင့်ကာ "မင်း သေမှာကို မကြောက်ဘူးလား" ဟု မေးသည်။

"သေချာပေါက် ကြောက်တာပေါ့။ ငါဘာလို့မကြောက်ရမှာလဲ။ ဒါပေမယ့် မစ္စကျိုးဟာ အမှားအမှန်ကို ပိုင်းခြားနိုင်တဲ့သူဖြစ်ရမယ်။ မကျေနပ်ချက်တိုင်းအတွက် အပြစ်မဲ့သူကို လုံးဝသတ်မှာ မဟုတ်ဖူးလေ မှန်တယ်မလား"

စုန့်ဝေသည် အခြေအနေများကို လိုက်လျောညီထွေ ဆောင်ရွက်နိုင်သူ ပညာရှိတစ်ဦးဖြစ်သည်။

ဒီအချိန်မှာ ဒီလူအုပ်စုက သူမကို သတ်ဖို့ အရမ်းလွယ်တယ်။

သူမသည် ကျန်းမင်ရှု၏ဇနီးစုန့်ဝေဖြစ်သည်ကို ယခုအချိန်တွင်ပြောခဲ့လျှင်ပင် မည်သူမျှ သူမအား ယုံမည်မဟုတ်ပေ။

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Where stories live. Discover now