Chapter : 16

6.3K 518 4
                                    

Zawgyi

အခန်း ၁၆- ဘုံအလေ့အကျင့်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။

သို့သော် စုန့်ဝေလုံးဝမကြောက်ပါ။

သူမလက်ထဲတွင် ဗန်းကိုကိုင်လိုက်ပြီး သူမသည် လှည့်ကာ လျိုလီရှ၏ရှေ့တွင် ရှက်ရွံ့ခြင်း သို့မဟုတ် မောဟိုက်ခြင်းမရှိဘဲ ရပ်နေလိုက်သည်။ သူမရှင်းပြတယ်"ဒါက ရှုယင်လိုချင်တဲ့ ပင်လယ်ဆားကော်ဖီပါ။ သူမသည် နို့အမြှုပ်ထဲသို့ သဘာဝပင်လယ်ဆားထည့်ကာ ကော်ဖီပေါ်တွင် လောင်းထည့်လိုက်သည်။ တကယ်တော့ ကော်ဖီရဲ့ ကြွယ်ဝမှုနဲ့ ချိုမြိန်မှုကို ဖြည့်ဆည်းပေးတယ်။ အခုက ရှင်မြန်မြန်သောက်လိုက်တာကြောင့် အရသာ ကောင်းမှာမဟုတ်ဘူး။ ဖြည်းဖြည်းသောက်ကြည့်ပါ။"

လျိုလီရှသည်စုန့်ဝေကို မဝံ့မရဲကြည့်ကာ ခွက်ကိုပြန်ယူကာ ကော်ဖီကိုသောက်လိုက်သည်။ သို့သော် သူမ မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်ပြန်သည်။

သို့သော် ကော်ဖီသောက်သည့်အခါ သာမန်ထက်ပို၍ ကျင့်သားရလေလေ၊ အရသာကင်းမဲ့တဲ့ ခေတ်ဟောင်းတန်ဖိုးများကို ပိုမိုအလေးထားလာလေလေပဲ—ခေတ်ပေါ်လက်ဝတ်ရတနာများကို ဒီဇိုင်းဆွဲသည့်လျိုလီရှဒီဇိုင်နာတစ်ဦးကိုပင်မပြောနှင့်။

ထို့ကြောင့် သူမက မျက်မှောင်ကြုတ်ကာ ပြတ်ပြတ်သားသား ပြောနေသော်လည်း "ငါ အရသာခံလိုက်တာ ကောင်းပါတယ်။ ရှုယင် မင်းအရသာကောင်းကောင်းခံတတ်သားပဲ"

လျန်ရှုယင်က အနည်းငယ် မှင်တက်သွားကာ ပြုံးကာ "အစ်မလျိုရှသဘောကျသ၍" ဟုပြောသည်။ ထို့နောက်တွင်၊ လျိုလီရှသည် အခြားဘာမှ မပြောတော့ပေ။ ကော်ဖီခွက်ကိုကိုင်ကာမျက်နှာထားတင်းတင်းဖြင့် ရုံးသို့ပြန်လာခဲ့သည်။

ကော်ရစ်ဒါမှာစုန့်ဝေနဲ့လျန်ရှုယင်ပဲကျန်တော့တယ်၊ စုန့်ဝေကလျန်ရှုယင်အနားကပ်ပြီး "အခုလေးတင်နင်ဆားနဲ့သကြားကို တမင်တကာ နေရာပြောင်းလိုက်တာ ဟုတ်တယ်မလား?"

လျန်ရှုယင်က ဇဝေဇဝါဖြစ်ဟန်ဆောင်ပြီး သူမကိုပြန်ကြည့်ကာ "ရှောင်ချောင်၊ နင်ဘာတွေပြောနေတာလဲ။ ငါဘာလို့ နားမလည်နိုင်တာလဲ"

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Tempat cerita menjadi hidup. Temukan sekarang