Chapter : 23

6.1K 587 4
                                    

Zawgyi

အခန်း ၂၃- A Live S*x Performance

ကျန်းမင်ရှုသည် ရန်ကျိရှင်းကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက် စုန့်ဝေကို ပြန်လှည့်ကြည့်လိုက်သည်။ "မင်းရဲ့အရသာက အရင်တုန်းက ဒီလောက်တောင်ကောင်းတာလား"

ရွံရှာဖွယ်ခံစားချက်အရ ရန်ကျိရှင်းကို ပုတ်ခတ်ကဲ့ရဲ့နေသလို ခံစားရသည်။

ကျန်းမင်ရှု၏ အဆင့်အတန်းကြောင့် သူ့တွင် မာနကြီးပိုင်ခွင့်ရှိသည်။

ထို့အပြင် ရန်ကျိရှင်း၏ မိသားစုနောက်ခံနှင့် စရိုက်သည် ရှင်းပြရခက်သည်။

ရန်ကျိရှင်းသည် သူ၏ စိတ်အားထက်သန်စွာ ဝန်ခံမှုက ကျန်းမင်ရှုကို လုံးဝ ဒေါသမထွက်စေရုံသာမက မထီမဲ့မြင် ရွဲ့စောင်းသော အပြောအဆိုနှင့်လည်း ကြုံခဲ့ရသည်။ ကျန်းမင်ရှု၏မျက်လုံးထဲက ထိုအကြည့်က သူ့ကိုယင်ကောင်တစ်ကောင်လိုပင်၊ မှိန်မသွားတဲ့ သူ့ရဲ့တန်ဖိုးက အခြားသူ၏ခြေအောက်တွင် နင်းခြေခံရသလို ခံစားလိုက်ရသည်။

ရန်ကျိရှင်းမသိစိတ်က သူ့လက်သီးတွေကို ဆုပ်ထားပေမယ့် လုံးဝမတုံ့ပြန်ဝံ့ဘူး။

ဒီအချိန်မှာ စုန့်ဝေက သူ့ကို စိုက်ကြည့်နေတယ်။ အတိတ်ကို ထည့်မတွက်ရင်တောင် သူမသည် မည်သို့ပင်ဆိုစေကာမူ သူ့ကို အမှန်တကယ် သည်းမခံနိုင်ပေ။

ကြောင်သူတော်နှင့် သူရဲဘောကြောင်သူ။ ကျန်းမင်ရှုလို ခက်ထန်မာကျောသော လူတစ်ယောက်နှင့်တွေ့သောအခါ အီးတစ်ချက်တောင်မပေါက်ရဲဖူး။

စုန့်ဝေသည် သူမ၏အတိတ်ကနေ သူမကိုယ်တိုင်ရုန်းထွက်ချင်ပြီး သူမ၏ ခေါင်းထဲတွင် ရေမည်မျှ သိုလှောင်ထားသည်ကို ကြည့်ချင်သည်။

သို့သော်လည်း အပေါ်ယံမှာတော့ သူမသည် အေးဆေးတည်ငြိမ်သလို ကူကယ်ရာမဲ့နေသလိုသာ ပြောလိုက်သည်။ "အတိတ်က ကျွန်မကို မျက်မမြင်တစ်ယောက်လို ဆက်ဆံလိုက်ပါ။ အခု နောက်ဆုံးတော့ အမြင်ပြန်ရသွားပြီ။"

ရန်ကျိရှင်းသည် ထိုပြက်လုံးများကို နားထောင်ပြီး သူ့အမူအရာသည် ပို၍ပင် ဝမ်းနည်းနေပုံပေါ်သည်။

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Opowieści tętniące życiem. Odkryj je teraz