Chapter : 36

5.1K 460 4
                                    


Zawgyi

အခန်း ၃၆- သူတို့ပြန်တွေ့ကြပြီ။

စုန့်ဝေသည် လင်ရွှမ်းရှန်း၏အိမ်မှ ထွက်လာသောအခါ သူမသည် ဒီနေရာမှာ တွေ့မည်ဟု စိတ်ကူးမယဉ်ခဲ့ဖူးသော ရန်ကျိရှင်းကို တွေ့လိုက်ရသည်။

ကံကောင်းစွာ၊ သူမသည် စုန့်ရှောင်ချောင်ပုံစံမိတ်ကပ်ကို လိမ်းထားပြီး ကောင်းကင်မှာလည်း အလွန်မှောင်နေသည်။ သူမကို မှတ်မိနိုင်မည်မဟုတ်ပေ။

သို့သော်လည်း ရန်ကျိရှင်းသည် သတိထားမိပုံရသည်။ သူက သူမကို စိုက်ကြည့်နေပြီး မျက်မှောင်ကြုတ်သွားသည် ။ "မင်း ဘယ်သူလဲ? နောက်ကျတဲ့ထိ မင်း ဒီမှာဘာလုပ်နေတာလဲ?"

"ပန်းပဲဆရာလင်းဆီက အိုးတစ်လုံးဝယ်ချင်လို့" စုန့်ဝေသည် သူမ၏ မူရင်းအသံကို မကြားနိုင်စေရန် ဒေသိယစကားသံကို တမင်ထည့်လိုက်သည်။

ရန်ကျိရှင်းမျက်ခုံးပင့်လိုက်သည်။ "အိုးကဘယ်မှာလဲ?"

"မပြီးသေးဘူး။ ရှင်တကယ်တော်တာပဲ။ အဲဒီမေးခွန်းထုတ်တဲ့လေသံက ဘာလဲ။ အိုးဝယ်တဲ့ချိန်က ဘယ်ချိန်လဲဆိုတာကို မေးရမှာ။" စုန့်ဝေက စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းပြီး သူ့ကို ဖြတ်ကျော်ကာ လျှောက်သွားသည်။

တကယ်တော့ အခုချိန်က သူမရဲ့ထူးခြားတဲ့ပုံစံနဲ့သာမဟုတ်ရင် ရန်ကျိရှင်း ဒီကိုဘာလာလုပ်လဲဆိုတာကို သူမသေချာပေါက်ရှာတွေ့ဖို့ကြိုးစားမှာ။

လင်ရွှမ်းရှန်းနှင့် ပတ်သက်သော သူ၏အရင်သဘောထားက မှားသွားတာကို ရုတ်တရက် သဘောပေါက်သွားတာ ဖြစ်နိုင်သည်။ မဟုတ်ရင် သူက ရာသီသစ်ထုတ်ကုန် လက်မှုပညာအတွက် ရောက်လာတာလား။

သူမနောက်က ရန်ကျိရှင်း၏သက်ပြင်းချသံကို မသိမသာ ကြားလိုက်ရသည်။

"မင်းက လူတစ်ယောက်နဲ့ တော်တော်တူတယ်"

စုန့်ဝေက အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း သူမခေါင်းကိုတော့ လှည့်မကြည့်။ "ရှင်ဘာဖြစ်နေတာလဲ? ကျွန်မက လူနဲ့မတူရင် သရဲတစ္ဆေနဲ့တူရမှာလား"

ရန်ကျိရှင်းသည် သူ့ဘာသူ အပြုံးယဲ့ယဲ့ ပြုံးရင်း တည်ငြိမ်သွားပုံရသည်။ "ဘာမှမဟုတ်တော့ဘူး။ ငါကသာ ထူးဆန်းတာလုပ်မိတဲ့သူပါ။"

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Donde viven las historias. Descúbrelo ahora