Uni
လင်းယွီက သူဟာအစားထိုးခံတစ်ယောက်သက်
သက်ပဲဆိုတာကိုတစ်ခါမှမတွေးခဲ့မိပါဘူး။သူကိုယ်တိုင်ချက်ထားတဲ့ဟင်းလျာတွေကစားပွဲဝိုင်းပေါ်အပြည့်ရှိနေပြီဖြစ်တဲ့အချိန်မှာတော့ လရိပ်ဖြူ( အချစ်ဉီး )ရဲ့ဖုန်းတစ်ကောကြောင့်ဖူ့ရှီဝိန်က
ချက်ချင်းထပြီးထွက်သွားခဲ့ပါတယ်။ဖူ့ရှီဝိန်ပြောလိုက်တယ်: "အန်းချိန်က ကျန်းမာ
ရေးမကောင်းဘူး...ကိုယ်သူ့ကိုသွားကြည့်လိုက်ဉီးမယ်...ကောင်းကောင်းနေ...ဒုက္ခမပေးနဲ့ "လင်းယွီကခေါင်းညိတ်ပြလိုက်ပါတယ်။သူသာကောင်းကောင်းနေပြီးပြဿနာမရှာသရွေ့ ဖူ့ရှီဝိန် ရဲ့နံဘေးမှာရပ်တည်နေနိုင်လိမ့်မယ်လို့ထင်ခဲ့မိတယ်။
ဖူ့ရှီဝိန် ရဲ့သူငယ်ချင်းတွေကသူ့ရဲ့ရှေ့မှာတင်
လရိပ်ဖြူလေးကို မရီးလို့ခေါ်တာကိုကြားပေမယ့်သူမကြားချင်ယောင်ပဲဆောင်ခဲ့တယ်။မိသားစုတွေ့ဆုံပွဲမှာဖူ့ရှီဝိန်ဟာ လရိပ်ဖြူလေးကိုခေါ်ခဲ့ပေမယ့်လည်းလင်းယွီကမသိချင်ယောင်ဆောင်ပေးခဲ့ပြန်တယ်။နောက်ပိုင်း,လင်းယွီမှာကိုယ်ဝန်ရှိလာခဲ့တယ်။လရိပ်ဖြူလေးဟာသူ့ကိုကိုယ်ဝန်ပျက်ကျစေတဲ့ဆေးတွေကိုသောက်ဖို့တိုက်တွန်းခဲ့တာကြောင့်သူ့ကိုယ်သူခုခံပြီး လရိပ်ဖြူကိုတွန်းထုတ်လိုက်မိတယ်။ အဲ့ဒီလရိပ်ဖြူလေးကမြေပြင်ပေါ်ကိုလဲကျသွားပြီးအနောက်ဘက်ကလူကိုကြည့်ပြီး:
" ကောကော..တောင်းပန်ပါတယ်
ငါအားယွီကိုဒေါသထွက်အောင်မလုပ်လိုက်သင့်ဘူး"ဖူ့ရှီဝိန် ဟာလရိပ်ဖြူကိုထူပေးလိုက်ပြီးပူပင်သောကရောက်စွာနဲ့မေးနေခဲ့တယ်။
"လက်လေးပဲထိသွားတာပါ..အဆင်ပြေပါတယ်"
" ဆေးရုံကိုသွားရအောင် "
လင်းယွီကသူ့ရဲ့ဗိုက်ကိုဖိနှိပ်လိုက်ပြီးမခံမရပ်နိုင်အောင်နာကျင်လာတဲ့အချိန်မှာတော့
" ဖူ့ရှီဝိန်...ငါအဆင်မပြေဘူး "ဖူ့ရှီဝိန်ကစိတ်မဝင်စားဟန်နဲ့လှည့်ကြည့်လိုက်ပြီး
"လင်းယွီ..မင်းဘာတွေလာဟန်ဆောင်နေတာလဲ"
YOU ARE READING
အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )
Non-FictionOriginal author~薛火火 Sauce _ 白月光回来后替身离开了 I own nothing of this novel #Full credit to original author Mm trans by jjkalix