Chapter 5+6 ( Zawgyi code )

4.8K 192 0
                                    

Chapter 5.သူနဲ့အရမ်းတူတယ်

အန်တီရွှီထွက်သွားပြီးနောက်လင်းယွီက ကလေးများကိုအိမ်စာလုပ်ခိုင်းထားလေသည်။သူသည်အနည်းငယ်ငြီးငွေ့လာပြီးသူ့မေးစေ့အားခပ်ဖွဖွလေးကိုင်လိုက်ကာဖူ့ရှီဝိန်ဘာလုပ်နေမလဲဟုတွေးနေမိသည်။ထို့နောက် weibo ကိုဖွင့်လိုက်သည်။ပုံထဲတွင်ဖူ့ရှီဝိန်သည်ဉီးခေါင်းကိုအနည်းငယ်စောင်းထားကာလက်တစ်ဖက်တွင်လည်းဒေစီပန်းစည်းတစ်စည်းကိုကိုင်ထားသည်။လင်းယွီပျင်းလာသောအခါမျိုးတွင်ထိုဓာတ်ပုံလေးကိုကြည့်တတ်သည်။ထိုပုံသည်ဖူ့ရှီဝိန်နိုင်ငံရပ်ခြားတွင်ရှိနေစဉ်ကပင်လယ်ပြာကြီးနှင့်ရွက်လှေကိုနောက်ခံထားကာလက်ကိုင်ဖုန်းဖြင့်ရိုက်ထားသောပုံဖြစ်သည်

လင်းယွီသည်ဖူ့ရှီဝိန်၏ကိုယ်ပွားသဖွယ်ဖြစ်နေသောထိုဓာတ်ပုံလေးကိုကြည့်ပြီးနောက် chat box ထဲသို့ဝင်လိုက်သည်
" ရှန်းရှိန်း... ညစာစားဖို့ပြန်လာမှာလား...ညစာဘာစားချင်လဲ "
လင်းယွီကသူ၏ဖြူသွယ်နေသောလက်ချောင်းလေးများကိုသုံးကာမက်ဆေ့ခ်ျတစ်စောင်ကိုပို့လိုက်ပြီးတစ်ဖက်မှစာပို့လာမည်ကိုစောင့်မျှော်နေလိုက်သည်

ဖူ့ရှီဝိန် သည်အလွန်အလုပ်များပြီးတစ်ခါတစ်ရံတွင်သူသည်မက်ဆေ့ခ်ျများကို reply မပြန်ဖြစ်ပေ။သို့မဟုတ်ပါကလည်းမက်ဆေ့ခ်ျများကိုမတွေ့လိုက်၍
မပြန်ဖြစ်သည်လည်းဖြစ်နိုင်သည်။သို့သော်လင်းယွီကအလွန်စိတ်ရှည်သည်

ငါးနာရီထိုးသော်ရှောင်ကျိုးလောင်ရှီးကရောက်လာသည်။
လင်းယွီသည် wechat အားတစ်ချက်ကြည့်လိုက်ပြီးအနည်းငယ်စိတ်ပျက်သွားသော်လည်းသေချာသလောက်တော့ ဖူ့ရှီဝိန် ကအလုပ်များနေသော
ကြောင့် သူ၏မက်ဆေ့ခ်ျအားမတွေ့လိုက်တာဖြစ်နိုင်သည်ဟုတွေးလိုက်သည်
ရှောင်ကျိုးလောင်ရှီးသည်အချိန်ပိုင်းဆရာတစ်ယောက်သာဖြစ်သည်။
သူသည်အနီးနားရှိတက္ကသိုလ်တစ်ခုမှကျောင်းသားတစ်ဦးဖြစ်ပြီးညနေဘကျ အတန်းချိန်မရှိမှသာရောက်လာတတ်သည်

" ရှောင်လင်လောင်ရှီး...*မင်းကြယ်ပွင့်တွေလိုက်ဖမ်းလား* "
ရှောင်ကျိုးလောင်ရှီးကထူးထူးဆန်းဆန်းမေးလာသည်
လင်းယွီကခေါင်းခါလိုက်ပြီး " လိုက်မဖမ်းပါဘူး "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Tahanan ng mga kuwento. Tumuklas ngayon