Chapter 27. မတူဘူး
ဖူ့ရှီဝိန်ညစာစားပြီးဖုန်းဖြေပြီးသည်နှင့်တစ်ပြိုင်နက်အပြင်ထွက်ရန်ပြင်တော့သည်
လင်းယွီကစားပွဲကိုရှင်းရင်း " ရှန်းရှိန်း...ဒီညပြန်လာမှာလား " ဟုမေးလိုက်သည်
" ဖြစ်နိုင်တယ် " သူကမသေချာမရေရာသည့်လေသံဖြင့်ပြော၏
လင်းယွီသည်စားပွဲကိုရှင်းနေစဉ်သူ၏လက်ဒဏ်ရာအားဂရုတစိုက်နှင့်ရှောင်နေ၏
၎င်းကိုမြင်တော့ဖူ့ရှီဝိန်က" မင်းလက်ကဒဏ်ရာရနေတာမလား...ဒီရက်ပိုင်းငါ အိမ်ထိန်းတစ်ယောက်ငှားပေးမယ်
အဲ့တာကဒေါ်လာနည်းနည်းပဲပေးရပြီးလူကိုသက်သာစေနိုင်တဲ့နည်းပဲ "လင်းယွီသည်သူ့အိမ်သို့ရောက်လာသည့်နေ့မှစ၍ ဖူ့ရှီဝိန်အတွက်နေ့စဉ်စားသုံးရန်ချက်ပြုတ်ပေးသည်
ဖြစ်စေအိမ်သန့်ရှင်းရေးဖြစ်စေကိုယ်တိုင်ကိုယ်ကျစီစဉ်ကာလုပ်ပေးခဲ့သည်အိမ်ကိုသန့်ရှင်းသပ်ရပ်စွာထားပြီးညဘက်တွင်ပင် ဆိုဖာပေါ်တွင်ထိုင်ကာဖူ့ရှီဝိန်ပြန်လာမည်ကိုစောင့်မျှော်လေ့ရှိသည်
မည်မျှပင်နောက်ကျစေကာမူသူစောင့်ပေးလေ့ရှိ၏
သို့သော်ထိုအရာများအားလုံးသည်ဖူ့ရှီဝိန်၏မျက်လုံးထဲတွင်တော့အသေးအဖွဲများသာဖြစ်သည်
အိမ်ထိန်းသည် အိမ်ကိုသန့်ရှင်းရေးလုပ်နိုင်ပြီးအရသာရှိသောအစားအစာတိုင်းကိုလည်းချက်ပြုတ်ပြင်ဆင်ပေးနိုင်၏
လင်းယွီကထိုအရာများကိုသဘောကျတာကြောင့်သူ့မျက်လုံးထဲတွင်တော့လူတိုင်းကအတူတူပင်ဖြစ်ပေသည်လင်းယွီကနာနာခံခံနှင့်ပင်ခေါင်းကိုညိတ်ပြလိုက်ပြီး " ကောင်းပါပြီ ရှန်းရှိန်း "
ထိုအဖြစ်အပျက်ကြိးဖြစ်ပျက်သွားပြီးနောက်ယုန်ငယ်လေးသည်ယခင်ကထက်ပိုမိုပျော့ပြောင်းလာသည်ကိုဖူ့ရှီဝိန်တွေ့ရှိခဲ့သည်
သူအနည်းငယ်မကျေမနပ်ဖြစ်နေကာတစ်ခုခုကကွဲပြားကာပျောက်ဆုံးသွားသကဲ့သို့ခံစားလိုက်ရသည်
ဖူ့ရှီဝိန်ကလင်းယွီကိုကြည့်လိုက်ကာ " ညကျရင်အတတ်နိုင်ဆုံးစောစောပြန်လာနိုင်အောင်ကြိုးစားပါ့မယ် "
YOU ARE READING
အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )
Non-FictionOriginal author~薛火火 Sauce _ 白月光回来后替身离开了 I own nothing of this novel #Full credit to original author Mm trans by jjkalix