Chapter 7+8 ( Unicode )

8.8K 915 91
                                    

Chapter 7. စိတ်အခြေအနေမကောင်းဘူး

" တစ်ကယ်ကြီးကိုပိတ်ဆို့နေတာဘဲ " ( ကားလမ်းတွေပိတ်နေတာပါ )
လောင်ဝူ ( လောင်= old ) ကအရှေ့ရှိကားတန်းကြီးကိုကြည့်ကာညဉ်းတွးနေသည်

ဒီအတိုင်းဆိုရင်တော့အပြင်ကိုရောက်ဖို့တော်တော်လေးကြာဉီးမှာပဲ

" အလုပ်ဆင်းဖို့အလျင်လိုနေတာလား "

ဖူ့ရှီဝိန်က စိတ်ကောင်းဝင်နေ​ေသာကြောင့်မေးလိုက်သည်
လောင်ဝူကအနည်းငယ်လန့်သွားသည်...ဖူ့ရှီဝိန်သည်သူ့အားတက်တက်ကြွကြွနှင့်စကားပြောသည်မှာအလွန်ဖြစ်ခဲသော
ဖြစ်စဉ်တစ်ရပ်ပင်...သူကနောက်ကြည့်မှန်မှတစ်ဆင့် ဖူ့ရှီဝိန်၏အမူအရာကိုဂရုတစိုက်လေ့လာလိုက်သည်...
ယနေ့ သူဌေးကစိတ်ကောင်းဝင်နေပုံရသည်

ကောင်းတဲ့ကိစ္စတစ်ခုခုရှိနေတာလား

" အလျင်မလိုပါဘူး သူဌေး "
ဒီလောက်ကောင်းတဲ့သူဌေးရှေ့မှာအလုပ်ထွက်ချင်တယ်လို့ပြောတဲ့လူကရှိသေးတယ်

" ငါစိုးရိမ်တယ် "
ဖူ့ရှီဝိန်က ပြောသည်

သူ့နှုတ်ခမ်းထောင့်ကအနည်းငယ်ကွေးတက်လာပြီးစိတ်ထဲမှ

ငါစိုးရိမ်တယ်....ဝက်နံရိုးချိုချဉ်ကအေးသွားရင်စားလို့မကောင်းတော့ဘူး

လောင်ဝူ: ....... သူဌေးကအရမ်းစိတ်လှုပ်ရှားနေတယ်

မိုးရေစက်များကပြတင်းပေါက်မှန်များကိုလာရိုက်ခတ်နေကာအိုင်ငယ်လေးအဖြစ်သို့စုရုံးသွားပြီးကောင်းကင်ယံကလည်းတဖြည်းဖြည်းနှင့်မှောင်မည်းလာသည်...

ဖူ့ရှီဝိန်သည်သူ၏ယုန်ငယ်လေးမှ messageပို့ထားမလားဟူသော
အတွေးနှင့်ဖုန်းကိုဖွင့်ကာကြည့်လိုက်သည်

တိုက်တိုက်ဆိုင်ဆိုင်ထိုအချိန်မှာပင် ပိုင်ယွဲ့ကသူ့ဆီသို့ဓာတ်ပုံတစ်ပုံပို့လာသည်....
ဖုန်းထဲမှထိုဓာတ်ပုံကိုမြင်လိုက်ရသောတစ်ခဏ....
ဖူ့ရှီဝိန်က အသက်ရှူပင်ရပ်သွားရတော့သည်

" ဖူကော...မင်းကြည့်လိုက်...သူက အန်းချိန်ရဲ့ရုပ်ရည်နဲ့တစ်ကယ့်ကိုတူလွန်းနေတာနော်...
ငါတောင်မြင်မြင်ချင်းအရမ်းအံ့ဩသွားတာ "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now