ရှန်းရှိန်းကတစ်ခြားအမျိုးသားတွေနဲ့မတူဘူး

15K 1.1K 11
                                    

ရွှီချွင်သည် လင်းယွီချက်ထားသောထမင်း ဟင်း ကိုပထမဆုံးအကြိမ်စားဖူးခြင်းဖြစ်တာကြောင့်ချီးမွမ်းခန်းဖွင့်နေသည်။

"ကောကကံကောင်းလိုက်တာ...ခယ်မလေးချက်ထားတဲ့အစားအစာတွေကအရမ်းအရသာရှိတာဘဲ...နောက်တစ်ခေါက်ထပ်လာလို့ရသေးလား "

လင်းယွီက "အချိန်မရွေးကြိုဆိုပါတယ်" ဟုအပြုံးလေးနဲ့တုံ့ပြန်ကာပြောလိုက်သည်။အစာစားပြီးနောက်ရွှီချွင်ကသူ၏ဖောင်းကားနေသောဗိုက်ကိုထိကာကျေနပ်စွာဖြင့်ကြို့ထိုးနေလေသည်

"ဘယ်လိုလဲခယ်မလေး....ကောကမင်းဆီပြန်လာနေပြီတဲ့လား "

" အင်း..."

လင်းယွီ၏ဖုန်းထဲမှဖူ့ရှီဝိန်ပို့လာသည့်စာတိုလေးက မက်ဆေ့ချ်အဖြစ်ဝင်လာကာအသံမြည်လာသည်

" ဘာပို့လာတာလဲ..ကြည့်ရအောင် "
ရွှီချွင်ကခေါင်းကိုသာတရမ်းရမ်းလုပ်နေတော့သည်။

ယုန်ဝတ်စုံများနှင့်ဆွဲဆောင်မှုရှိသောဓာတ်ပုံများအောက်တွင်ဖူ့ရှီကအလွန်တိုတောင်းသည့်စာတစ်စောင်ကိုသာပြန်ကြားခဲ့သည်။

" ရွှီချွင်....ထွက်သွား "

ရွှီချွင်သည်ရှက်သွားခြင်းကြောင့်မဟုတ်ဘဲသူ့ထံသို့ရောက်လာတော့မည့်အစ်ကိုဖြစ်သူအားတွေးမိသွားကာသူ၏နှာခေါင်းအားပွတ်လိုက်သည်။

ဤသည်ကိုလင်းယွီကရွှီချွင်ရှက်သွားသည်ဟုထင်လိုက်ကာသူကရှက်ကိုးရှက်ကန်းနှင့်ပင်ဖုန်းကိုပြန်သိမ်းလိုက်ပြီး

''အားချွင်....မင်းအစ်ကိုကစကားပြောတဲ့နေရာမှာသိပ်မတော်ဘူး...ဒါကြောင့်စိတ်မဆိုးပါနဲ့..."

ရွှီချွင် ကဆူပုတ်ပုတ်နှင့်ပင်ပြောလိုက်သည်
"ကျွန်တော်လုံးဝစိတ်မ၀င်စားပါဘူးနော်....ကျနော့်ကောရဲ့ဒေါသကိုသည်းခံနိုင်တဲ့လူကခယ်မလေးတစ်ယောက်ဘဲရှိတယ်သိလား "

သို့သော်ရွှီချွင်က ဖူ့ရှီဝိန်အားအနည်းငယ်ကြောက်သည်။

" ခယ်မလေး..ကျနော်သွားတော့မယ်...မင်းအဝတ်အစားတွေကိုမချွတ်ထားနဲ့...ကောပြန်လာတာကိုစောင့်နေလိုက်ပြီးမင်းဘက်ကအရင်စလိုက်...ကြားလား..ယောကျာ်းတွေကအစုံစားတဲ့အမျိုးဘဲ..သူသေချာပေါက်သဘောကျလိမ့်မယ်"

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Tempat cerita menjadi hidup. Temukan sekarang