Chapter 23. Bunny
နောက်တစ်နေ့မနက် လီဝေး ရုံးသို့ရောက်လာသော် ဖူ့ရှီဝိန်၏ရုံးခန်းမီးများကလင်းနေဆဲ
ဖြစ်ကြောင်းကိုတွေ့လိုက်ရသောကြောင့်အလွန်ပင်အံ့ဩသွားရ၏
သူသတိရှိရှိနှင့်တံခါးကိုခေါက်လိုက်ရာသူတို့ President ကစားပွဲရှေ့တွင်ထိုင်နေပြီး
သူ့ကြည့်ရသည်မှာလည်းအချိန်အတော်အတန်ကြာအောင်အလုပ်လုပ်နေခဲ့ပုံပေါ်နေသည်သူအနီးကပ်ကြည့်လိုက်ရာသူဌေး၏ပုခုံးပေါ်တွင်ဆံချည်မျှင်အများအပြားကိုတွေ့လိုက်ရပြီး
ဇနီး၏အိမ်ပေါ်မှဆင်းလာခဲ့ရသောလူတစ်ယောက်ကဲ့သို့အင်္ကျီများကလည်းကြေမွနေ၏ပိုကြောက်စရာကောင်းသည်မှာယနေ့မြင်ရသောသူဌေး၏မျက်နှာက
ယမန်နေ့ကထက်ပိုမိုဆိုးရွားနေခြင်းပင်လီဝေးကတံတွေးကိုတိတ်တဆိတ်မျိုချလိုက်သည်
မနေ့က လိမ္မော်ရောင်သတိပေးချက်ဆိုရင်ဒီနေ့အခြေအနေက အနီရောင်သတိပေးချက်ပဲ...ဟူး" Morning Boss "
ဖူ့ရှီဝိန်ကသူ့ခေါင်းကိုအပေါ်မော့ပြီးပြတင်းပေါက်ဘက်ကြည့်လိုက်တော့မိုးပင်လင်းနေလေပြီဖြစ်သည်
သူကမျက်ရိုးကိုတစ်ချက်နှိပ်လိုက်ရင်းဆို၏
" အင်း..Morning "
" ဘော့စ် ဘာမှမစားရသေးဘူးမဟုတ်လား...ကျနော်မနက်စာယူလာပေးရမလား "
" ကောင်းပြီ" သူကခေါင်းညိတ်ကာဆို၏လီဝေးကသက်ပြင်းတစ်ချက်ကိုသာခပ်ဖွဖွချရင်းထွက်သွားလိုက်သည်
မနက်စာယူပြီးပြန်ရောက်လာတော့သူတို့၏ဘော့စ်ကရုံးခန်းထဲ၌ရှိမနေတော့ပေ
သူက ၅ လွှာ၌ရှိနေသောလက်ထောက်လေးအားတားကာမေးလိုက်သည်" ရှောင်ဝူ..ဘော့စ် ဘယ်သွားလဲတွေ့လိုက်သေးလား "
" ကျနော်မတွေ့လိုက်ဘူး လီကော...ဒီနေ့ဘော့စ်ဖူကအစောကြီးရောက်လာတာ "
ရှောင်ဝူကနို့ဘူးပေါ်သို့သာအာရုံရောက်နေကာဘာဆိုဘာမှမသိပေ
လီဝေးစဉ်းစားကြည့်လိုက်သည်
ဘော့စ်ဖူကအိမ်ပြန်သွားတာဖြစ်လောက်လား
YOU ARE READING
အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )
Non-FictionOriginal author~薛火火 Sauce _ 白月光回来后替身离开了 I own nothing of this novel #Full credit to original author Mm trans by jjkalix