Chapter 39.မမုန်းပါနဲ့
မနက်မိုးလင်းလို့ဖူ့ရှိဝိန်အလုပ်သွားခါနီးတွင်သူ့အားအန်းချိန်ကိုဂရုစိုက်ပေးရန်မှာခဲ့သည်
" အန်းချိန်ရဲ့ခြေကျင်းဝတ်တွေကလှုပ်ရှားရတာအဆင်မပြေဘူး "" ရှန်းရှိန်း စိတ်မပူပါနဲ့...ကျနော်သူ့ကိုကောင်းကောင်းပြုစုပေးလိုက်ပါ့မယ် "
လင်းယွီကပြောသည်ရွှီချွင်ကလည်းဒီနေ့လုပ်စရာရှိတာကြောင့်မလာနိုင်ကြောင်းသူ့ထံစာပို့ထားခဲ့၏
" မရီး..ကျနော်ပိတ်ရက်မှာတော့မင်းကိုအဖော်ပြုပေးမှာပါ "
" အင်း..ကောင်းပြီ "
အိမ်ကြီးထဲတွင် လင်းယွီနှင့်အန်းချိန်သာကျန်ခဲ့၏....အန်းချိန်နှင့်ပေါင်းသင်းဆက်ဆံရန်မှာအလွန်ပင်လွယ်ကူလှ၏
အန်းချိန်ရေသောက်ချင်ပါကသူရေခပ်ပေးရသည်....သူအဆာပြေစားချင်ပါကလင်းယွီကလုပ်ပေးရသည်....အများစုမှာတော့အန်းချိန်က
ဆိုဖာပေါ်တွင်ထိုင်ကာသူ့လက်ကိုင်ဖုန်းကိုကြည့်နေခဲ့သည်ကများ၏နေ့လည်ခင်း လင်းယွီချက်ပြုတ်ပြီးချိန်တွင် အန်းချိန်ကသူ့၏ဟင်းချက်လက်ရာနှင့်ပတ်သက်ပြီးချီးကျူးလာ၏
နှစ်ဉီးသား ထမင်းစားပြီးနောက်တွင်အန်းချိန်က
" အားယွီ...မင်းချက်တဲ့ဟင်းတွေကအရမ်းအရသာရှိတယ်...ငါ့ခြေထောက်သက်သာလာတဲ့အခါကျရင်ငါ့ကိုချက်ပြုတ်နည်းလေးသင်ပေးမလား "" ကောင်းပါပြီ "
လင်းယွီကပန်းကန်တွေကိုသိမ်းဆည်းလိုက်သည်အန်းချိန်ကသူ့ရဲ့သေးသွယ်နေတဲ့ခါးလေးကိုသဘောကျစွာကြည့်ရင်း
" အားယွီ...မင်းကနည်းနည်းလေးဘဲစားတာလား....ဒါကြောင့်အဆီမရှိတာကိုး "လင်းယွီကပေါ့ပေါ့ပါးပါးပြုံးရင်း
" အခုတလောစားချင်စိတ်မရှိလို့ပါ "လင်းယွီ တွေးတွေးဆဆလုပ်နေသည့်မျက်နှာကိုအန်းချိန်ကလှမ်းကြည့်လာ၏
လင်းယွီသိမ်းဆည်းပြီးတော့ပန်းကန်ဆေးရန်မီးဖိုချောင်ထဲဝင်လိုက်သည်
တစ်မနက်ခင်းလုံးရင်းရင်းနှီးနှီးနေပြီးချိန်တွင်တော့အန်းချိန်ကသူ့အပေါ်တစ်စုံတစ်ရာမုန်းတီးခြင်းမရှိနေသည်ကိုတွေ့လိုက်ရ၏
သူသည်ကြင်နာတတ်သောသခင်လေးတစ်ယောက်ကဲ့သို့ဖြစ်ပြီးမာနကြီးကာပေါင်းသင်းရန်ခက်ခဲသောအခြားသခင်လေးများနှင့်မတူပေ..
သူကသာအန်းချိန်ကိုမနာလိုနေသည်သာ...
ရှန်းရှိန်းလည်းငါ့ကိုမမုန်းပါစေနဲ့....
YOU ARE READING
အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )
Non-FictionOriginal author~薛火火 Sauce _ 白月光回来后替身离开了 I own nothing of this novel #Full credit to original author Mm trans by jjkalix