Chapter 5.သူနဲ့အရမ်းတူတယ်
အန်တီရွှီထွက်သွားပြီးနောက်လင်းယွီက ကလေးများကိုအိမ်စာလုပ်ခိုင်းထားလေသည်
သူသည်အနည်းငယ်ငြီးငွေ့လာပြီးသူ့မေးစေ့အားခပ်ဖွဖွလေးကိုင်လိုက်ကာဖူ့ရှီဝိန်ဘာလုပ်နေမလဲဟုတွေးနေမိသည်ထို့နောက် weibo ကိုဖွင့်လိုက်သည်။ပုံထဲတွင်ဖူ့ရှီဝိန်သည်ဉီးခေါင်းကိုအနည်းငယ်စောင်းထားကာလက်တစ်ဖက်တွင်လည်းဒေစီပန်းစည်းတစ်စည်းကိုကိုင်ထားသည်...လင်းယွီပျင်းလာသောအခါမျိုးတွင်ထိုဓာတ်ပုံလေးကိုကြည့်တတ်သည်။
ထိုပုံသည်ဖူ့ရှီဝိန်နိုင်ငံရပ်ခြားတွင်ရှိနေစဉ်ကပင်လယ်ပြာ
ကြီးနှင့်ရွက်လှေကိုနောက်ခံထားကာလက်ကိုင်ဖုန်းဖြင့်ရိုက်ထားသောပုံဖြစ်သည်လင်းယွီသည်ဖူ့ရှီဝိန်၏ကိုယ်ပွားသဖွယ်ဖြစ်နေသောထိုဓာတ်ပုံလေးကိုကြည့်ပြီးနောက် chat box ထဲသို့ဝင်လိုက်သည်
"ရှန်းရှိန်း..ညစာစားဖို့ပြန်လာမှာလား..ညစာဘာစားချင်လဲ "လင်းယွီကသူ၏ဖြူသွယ်နေသောလက်ချောင်းလေးများကိုသုံးကာမက်ဆေ့ချ်တစ်စောင်ကိုပို့လိုက်ပြီးတစ်ဖက်မှစာပို့လာမည်ကိုစောင့်မျှော်နေလိုက်သည်
ဖူ့ရှီဝိန်သည်အလွန်အလုပ်များပြီးတစ်ခါတစ်ရံတွင်သူသည်
မက်ဆေ့ချ်များကို reply မပြန်ဖြစ်ပေ။သို့မဟုတ်ပါကလည်းမက်ဆေ့ချ်များကိုမတွေ့လိုက်၍
မပြန်ဖြစ်သည်လည်းဖြစ်နိုင်သည်။သို့သော်လင်းယွီကအလွန်စိတ်ရှည်သည်ငါးနာရီထိုးသော်ရှောင်ကျိုးလောင်ရှီးကရောက်လာသည်။
လင်းယွီသည်wechatအားတစ်ချက်ကြည့်လိုက်ပြီး
အနည်းငယ်စိတ်ပျက်သွားသော်လည်းသေချာသလောက်တော့ဖူ့ရှီဝိန်ကအလုပ်များနေသောကြောင့်သူ၏မက်ဆေ့ချ်အားမတွေ့လိုက်တာဖြစ်နိုင်သည်ဟုတွေးလိုက်သည်ရှောင်ကျိုးလောင်ရှီးသည်အချိန်ပိုင်းဆရာတစ်ယောက်သာ
ဖြစ်သည်။
သူသည်အနီးနားရှိတက္ကသိုလ်တစ်ခုမှကျောင်းသားတစ်ဦးဖြစ်ပြီးညေန့ဘက် အတန်းချိန်မရှိမှသာရောက်လာတတ်သည်"ရှောင်လင်လောင်ရှီး*မင်းကြယ်ပွင့်တွေလိုက်ဖမ်းလား* "
ရှောင်ကျိိုးလောင်ရှီးကထူးထူးဆန်းဆန်းမေးလာသည်
လင်းယွီကခေါင်းခါလိုက်ပြီး " လိုက်မဖမ်းပါဘူး "
YOU ARE READING
အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )
Non-FictionOriginal author~薛火火 Sauce _ 白月光回来后替身离开了 I own nothing of this novel #Full credit to original author Mm trans by jjkalix