Chapter 9.ပူလောင်နေသော
လင်းယွီသည်နံနက်ခြောက်နာရီခွဲသည်နှင့်နိုးလာတတ်ပြီး
စောစောထလေ့လည်းရှိပေသည်
သူ့ခန္ဓာကိုယ်ကအနည်းငယ်နာကျင်နေသေးသော်လည်းအားတင်းကာထလိုက်ပြီးသန့်ရှင်းရေးလုပ်ကာဖူရှီဝီန်အတွက်မနက်စာချက်ရန်မီးဖိုချောင်သို့သွားလိုက်သည်ယမန်ညကဖူ့ရှီဝန်စိတ်ဆိုးနေသည်ကိုသူကောင်းကောင်းခံစားနိုင်ခဲ့သည်...အရင်တစ်ခါတွေတုန်းကတော့သူ၏ခင်ပွန်းဖြစ်သူကအရက်မူးကာသူ့အားပွေ့ဖက်လျှင်တောင်
အပြုအမူတစ်ခုချင်းစီတိုင်းကနူးညံ့သိမ်မွေ့ပြီး
ညနက်သန်းခေါင်ရောက်သည့်တိုင်သူ့ခန္ဓာကိုယ်အား
ဆေးကြောသန့်စင်ပေးတတ်သည်သို့ရာတွင်လွန်ခဲ့သည့်ညကတော့ထိုသို့မဟုတ်ခဲ့ပါ
လင်းယွီသည်နံနက်စာအတွက်နေ့စဉ်လုပ်နေကျဖြစ်သည့်
ပဲနို့နှင့်ပေါင်မုန့်ကြက်ဉကြော်များကိုလုပ်ထားပေးခဲ့သည်...
သူနံနက်စာကိုစားပွဲပေါ်တင်လိုက်ပြီးနောက်နာရီအားလှမ်း
ကြည့်လိုက်ရာ ၈နာရီပင်ထိုးနေပြီဖြစ်သည်ဖူ့ရှီဝိန်သည်ပုံမှန်အားဖြင့်ဤအချိန်တွင်အိပ်ရာထနေပြီးဖြစ်သော်လည်းယနေ့တွင်မူအိပ်ခန်းထဲမှမည်သည့်လှုပ်ရှားမှုကိုမျှမတွေ့ရပေ
ယမန်ညကအားစိုက်ထုတ်လိုက်ရသောကြောင့်ပင်ပန်းနေခြင်းဖြစ်ရမည်ဟုတွေးလိုက်ရာသူ၏မျက်နှာကအနည်းငယ်နီရဲသွားရသည်" ရှန်းရှိန်း....ထလို့ရပြီ "
လင်းယွီပြောရင်းနှင့်ပင်အိမ်ခန်းတံခါးကိုတွန်းဖွင့်လိုက်ရာ ဖူ့ရှီဝိန်သည်ကုတင်ပေါ်၌ရှိမနေသည်ကိုတွေ့လိုက်ရသည်
နူးညံ့သောလေညှင်းလေးတစ်ချက်ကြောင့်ခန်းဆီးလေးက
လှုပ်ခါသွားသည်
လင်းယွီ လသာဆောင်ဘက်ကိုကြည့်လိုက်သည်ဖူ့ရှီဝိန်သည်အလွန်ခက်ခဲသောပြဿနာတစ်ရပ်ကိုရင်ဆိုင်နေရဟန်နှင့်မျက်လုံးမျာကိုမှေးစဉ်းပြီးမျက်ခုံးများကိုတွန့်ချိုးထားကာသူ၏လက်ချောင်းသွယ်များကြားတွင်လည်း
စီးကရက်တစ်လိပ်ကိုညှပ်ထားသည်ဖူ့ရှီဝိန်ကိုထိုကဲ့သို့သောအမူအရာမျိုးနှင့်သူမမြင်ဖူးခဲ့ပါ
လင်းယွီလည်းကုမ္ပဏီကိစ္စကြောင့်သာဖြစ်ရမည်ဟု
တွေးလိုက်သည်
ESTÁS LEYENDO
အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )
No FicciónOriginal author~薛火火 Sauce _ 白月光回来后替身离开了 I own nothing of this novel #Full credit to original author Mm trans by jjkalix