Chapter 21+22 ( Zawgyicode )

4.3K 167 2
                                    

Chapter .21.ပျို့အန်ခြင်း

ရွှီချွင်တံခါးကိုဖွင့်ကာဝင်လာတော့မျက်နှာကျက်အား
ကြည့်ကာကုတင်ပေါ်၌လဲလျောင်းနေသောလင်းယွီအားတွေ့
လိုက်ရ၏

ထိုလှပကြီးမားသောမျက်လုံးလေးများသည်
ရောင်ရမ်းကာအနည်းငယ်နီရဲနေသည်

သူငိုထားသလိုပဲ....

ရွှီချွင်ကစိတ်မကောင်းဖြစ်စွာကြည့်ရင်း

" ခယ်မလေး..နိုးပြီလား "ဟုတိုးညင်းစွာမေးလိုက်သည်
" ဗိုက်ဆာနေပြီလား...ကျနော် ယာဂုဝယ်ပေးခဲ့တယ် "

" ကျေးဇူးပါ "

လင်းယွီ၏ခန္ဓာကိုယ်ကမသိစိတ်ကြောင့်ရွေ့လျားသွားကာ
ကုတင်ပေါ်မှဆင်းလာသည်

" ခယ်မလေးမဆင်းလာပါနဲ့...ကျနော်လုပ်ပေးမယ် "

" ရပါတယ်... ငါလုပ်မယ် "

သူကရွှီချွင်အားပြုံးပြလိုက်သည်

ရွှီချွင်ကသူ့အားစိုးရိမ်တကြီးနှင့်ကြည့်လိုက်၏
မူလကလင်းယွီသည်လွန်စွာမှဝမ်းနည်းပြီးစိတ်ဓာတ်ကျနေ
လိမ့်မည်ဟုသူထင်ထားခဲ့သော်လည်းယခုကြည့်မိသလောက်တော့ခယ်မလေးကဘာမှမဖြစ်ပုံရသည်

လင်းယွီကခါတိုင်းပုံစံနှင့်နီးပါးတူသော်လည်း
သူကြည့်လေလေတစ်ခုခုမှားနေပြီဟုခံစားရလေလေ
ဖြစ်လာသည်

" ခယ်မလေး...မင်းစိတ်မကောင်းဖြစ်နေရင်ကျနော့်ပုခုံးကို
ငှားပေးလို့ရတယ်နော် "

လင်းယွီကလည်းအပြုံးမပျက်ဘဲပြန်ပြောသည်

" ငါတဈကယ်က်ဳအဆင်ပြေပါတယ်...အားချွင် ငါဗိုက်ဆာနေပြီ...ယာဂုကအရသာရှိမယ့်ပုံပဲ "

သူကယာဂုစားဖို့လက်လှမ်းလိုက်တယ်

ကောင်လေး၏လည်တိုင်ကဖြူဖွေးနေပြီး
နားရွက်များကလည်းအနည်းငယ်နီနေကာ
နှာလုံးလုံးလေးပေါ်တွင်လည်းအနီရောင်အစက်ရှိနေ၏
( နှာခေါင်းနီနေတာကိုပြောချင်တာပါ )

" ခယ်မ..ဒါကဟင်းသီးဟင်းရွက်နဲ့လုပ်ထားတဲ့ယာဂု
ဒါကတော့အသားနဲ့လုပ်ထားတာ "

" ဟုတ်လား...ငါကဟင်းသီးဟင်းရွက်ထက်
အသားနဲ့လုပ်ထားတဲ့ယာဂုကိုပိုကြိုက်တယ် "

အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )Where stories live. Discover now