Chapter. 43. ဘာကြောင့်သူ့ကိုမယုံကြတာလဲ
ဖူ့ရှီဝိန်က အန်းချိန်အားနေအိမ်သို့လိုက်ပို့ပေးပြီးနောက်ဘားတစ်ခုသို့သွားခဲ့သည်
သူထွက်လာတော့မနက်အစောကြီးရှိနေပြီဖြစ်သည်...ဖူ့ရှီဝိန်က သူ့လက်ကိုင်ဖုန်းကိုထုတ်ပြီးတစ်ချက်ကြည့်လိုက်တော့သူ့မျက်နှာကချက်ချင်းပင်မှောင်မည်းသွားရ၏
အသေးလေးကသူ့ဆီစာမပို့တာသုံးရက်တောင်ရှိပြီ...
ကောင်းတယ်...အရမ်းကိုကောင်းတယ်
ရှေ့ခုံတွင်ထိုင်နေသော လောင်ဝူကမူဖူ့ရှီဝိန်၏
ခန္ဓာကိုယ်ပေါ်မှပြင်းထန်သောအရက်နံ့ကိုရလိုက်၏သူအရက်တွေဘယ်လောက်တောင်မှသောက်ခဲ့တာလဲ
လောင်ဝူကရှက်ရှက်နှင့်ပင် " ဖူလောင်းပန်..
ဟိုတယ်သွားမလို့လား "ဖူ့ရှီဝိန်က ညှိုးနွမ်းနေသောမျက်နှာထားနှင့်
" အိမ်ကိုမောင်းတော့ "
လေင်ဝူကကားစက်နှိုးလိုက်ပြီးနောက်ကြည့်မှန်မှတစ်ဆင့်ဖူ့ရှီဝိန်၏အုံ့မှိုင်းနေသောမျက်နှာကို
ကြည့်ကာသက်ပြင်းတစ်ချက်ချလိုက်၏မင်းဘယ်လိုကိစ္စတွေကိုလုပ်နေရတာလဲ...
အိမ်ထောင်သည်နှစ်ဉီးတို့သည်
* ကုတင်ခေါင်းရင်း၌ရန်ဖြစ်တတ်ကြပြီး
ကုတင်ခြေရင်းသို့ရောက်သော်ပြန်လည်
သင့်မြတ်တတ်ကြသည် *ဟူသည့်အတိုင်း
ဖူ့ရှီဝိန်နှင့်လင်းယွီတို့တစ်ချိန်ချိန်ပြဿနာဖြစ်လာနိုင်သည်ဟုသူတွေးထားခဲ့ဖူးသည်
သို့သော်ယခုကဲ့သို့မြန်မြန်ဆန်ဆန်ဖြစ်သွားမည်ကိုတော့သူမမျှော်လင့်ထားမိပေ* *means ရန်ဖြစ်လိုက်ပြန်ချစ်လိုက်
.....................
ဖူ့ရှီဝိန် အိမ်သို့ပြန်ရောက်လာပြီးတံခါးကို
တွန်းဖွင့်လိုက်ရာအခန်းတွင်းရှိလေထုက
ရက်အတန်ကြာတစ်စုံတစ်ဉီးမျှမရှိနေသကဲ့သို့
ခံစားချက်ကိုပေးစွမ်းနေ၏လင်းယွီကအိမ်မှာမရှိဘူးလား
ဖူ့ရှီဝိန် ၏မသိစိတ်မှမျက်မှောင်တစ်ချက်ကြုတ်လိုက်၏
YOU ARE READING
အချစ်ဉီးပြန်လာပြီးနောက်အစားထိုးခံကထွက်သွားတယ် ( ဘာသာပြန် )
Non-FictionOriginal author~薛火火 Sauce _ 白月光回来后替身离开了 I own nothing of this novel #Full credit to original author Mm trans by jjkalix